1. Home
  2. Myanmar News

ဝန်ဆောင်ခကောက်မည့် ဆိုင်များ ဆိုင်အဝတွင်ကြေညာထားခြင်းမရှိပါက စားသုံးသူကပေးရန် ငြင်းပယ်နိုင်

Myanmar News ก.ย. 25, 2560 view 1,500

စားသောက်ဆိုင်အတော်များများတွင် ကျသင့်ငွေအပြင် ဝန်ဆောင်ခ (Service Charges) ကောက်ခံမည်ဆိုပါက ဆိုင်အဝင်ဝတွင် ရှင်းလင်းမြင်သာအောင် ဖော်ပြပေးထားရန် လိုအပ်ပြီး ဖော်ပြထားခြင်းမရှိပဲ ကောက်ခံပါက စားသုံးသူမှ ငြင်းဆိုပိုင်ခွင့် တိုင်ကြားပိုင်ခွင့်ရှိကြောင်း စာသုံးသူရေးရာဦးစီးဌါနမှ ပြောကြားလိုက်သည်။

နိုင်ငံတော်ကို ပေးဆောင်ရမည့် စားသုံးသူအခွန်ကို ပြည်သူကသိရှိနားလည်ပြီးဖြစ်သော်လည်း စားသောက်ဆိုင်များက ထပ်မံကောက်ခံသော ဝန်ဆောင်ခ (Service Charges) အနနဲ့ အငြင်းပွားမှုရှိနေပြီး စားသုံးသူတွေအနေနဲ့ စားသောက်ဆိုင်၏ ဝန်ထမ်းခကို ပေးနေရသကဲ့သို့ ခံစားနေရမှုတွေ ရှိတဲ့အတွက် ဝန်ဆောင်ခ ကောက်မယ်ဆိုရင် ဆိုင်အဝမှာ ဝန်ဆောင်ခ ဘယ်၍ဘယ်မျှပေးရမည်ကို ရှင်းလင်းစွာဖော်ပြကြေငြာထားပေးရန်လိုကြောင်း ပြောကြားခဲ့သည် စားသုံးသူရေးရာဦးစီးဌါနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကြေငြာထားခြင်းမရှိပဲ ငွေရှင်းချိန်မှ ထည်းပေါင်း၍ စားသုံးသူဘက်က ငြင်းပိုင်ခွင့်ရှိကြောင်း တိုင်ကြားပိုင်ခွင့်ရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဝန်ဆောင်ခ သတ်မှတ်ကောက်ခံချက်နဲ့ ပက်သက်၍ အများစု၏ သဘောထားကို ရယူပြီး ပြည်သူများအား ထုတ်ပြန်အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သတင်းကိုးကား - ဒီမိုကရေစီတူဒေး
 



Follow us on