1. Home
  2. Good Morning Myanmar

ပတ်ဝန်းကျင်နေထိုင်သူများမှ ကန့်ကွက်ပါက လမ်းမကြီးများပေါ်မှ လုပ်ငန်း ဆိုင်ခန်းများကို အပြီးပိတ်သိမ်းသည်အထိအရေးယူနေ

Good Morning Myanmar ก.ย. 25, 2560 view 1,496

https://www.facebook.com/GoodMorningMyanmarLive/videos/2069413886418064/

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှလုပ်ငန်းလိုင်စင်များချထားပေးတဲ့ရန်ကုန်မြို့ကလမ်းမကြီးများပေါ်မှာလုပ်ငန်းဆောင်ရွက်နေတဲ့လုပ်ငန်းများအပေါ်အရေးယူရန်အစီအစဉ်ရှိ ။မရှိ နှင့်လမ်းမကြီးများအားမျက်နှာမူဆိုင်ခန်း နှင့်လုပ်ငန်းလိုင်စင်ချထားပေးမှုအပေါ် လိုင်စင်ပါ စည်းမျဉ်းစည်းကမ်းနှင့်ညီညွတ်မှုမရှိပါက လိုင်စင်အားပြန်လည်စိစစ်ရန် အစီအစဉ်ရှိ။မရှိကို ဒုတိယ အကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့အစီအစဉ်မှာ မေးမြန်းခဲ့မှုကို ရန်ကုန်မြို့တော်ဝန်ကဖြေကြားခဲ့တာပါ။ ရန်ကုန်မြို့က လမ်းမကြီးများတွင် လုပ်ငန်းလိုင်စင်ရှိလုပ်ငန်းလိုင်စင်မဲ့ လုပ်ငန်းများ မှာ ပလက်ဖောင်းနှင့်လမ်းမ များပေါ်ကျူးကျော်၍ လုပ်ကိုင်နေတာကြောင့် အများပြည်သူများမှ လမ်းမပေါ်များမှာသွားနေရပြီး ယာဉ်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးက စက်တင်ဘာ(၂၀) ရက်ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာဆွေးနွေးပါတယ်။

ဆိုင်ခန်းဖွင့်လှစ်လို့ အခွန်ငွေရရှိနေတာ ဖြစ်ပေမယ့် လမ်းမများပေါ်တက်ပြီး လုပ်ငန်းလုပ်ကိုင်လို့ အခွန်ရရှိတာမဟုတ်ဘူးလို့လည်း မေးမြန်းချက်မှာ တည်သွင်းပြောဆိုခဲ့ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့လုပ်ငန်းလိုင်စင်များ ချထားပေးရာမှာ လုပ်ငန်းနဲ့ အနီးဆုးံနေထိုင်သူတွေ၊သက်ဆိုင်တဲ့ မီးသတ်တပ်ဖွဲ့တွေ၊လျှပ်စစ်ဌာန ၊လုပ်ငန်းအမျိုးအစားလိုက် သက်ဆိုင်ရာဝန်ကြီး နှင့် အဖွဲ့အစည်းများရဲ့ ထောက်ခံချက်တွေ အပြင် အဆောက်အဦးအသစ်ဖြစ်ပါက ဆောက်လုပ်ခွင့်ပြုမိန့်၊ ပြင်ဆင်ခွင့်ပြုမိန့်၊ ရေဆိုးစွန့်ပစ်မှုစနစ်၊ မိလ္လာစနစ်၊အမှိုက်စွန့်ပစ်မှုစနစ်၊မိမိပိုင်ဧရိယာထဲမှာ လုပ်ငန်းဆောင်ခြင်းရှိမှုမရှိ၊ မြေပြင်ကွင်းဆင်း စစ်ဆေးမှုစတဲ့ မှတ်တမ်းများကိုစစ်ဆေးပြီးမှ လိုင်စင်ကို ခွင့်ပြုဆောင်ရွက်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်က ဖြေကြားခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းမများပေါ်တက်ပြီး ကျူးကျော်လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို အရေးယူနေပြီး အနောက်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ် ဒီဇင်ဘာ(၁)ရက်နေ့ ကစတင်ပြီး အခုနှစ် သြဂုတ်လ(၂၅)ရက်နေ့အထိ တရားစွဲဆိုထားတဲ့ အမှုပေါင်း(၈၀၈)မှု၊ဒဏ်ကြေးငွေ ကျပ်တစ်ရာလေးဆယ့်ငါးသိန်းကျော်နှင့် လိုင်စင်ရှိ ကျူးကျော်လုပ်ငန်း(၄၉၇)မှု ဒဏ်ကြေးငွေ ကျပ်သိန်းသုံးရာကိုးဆယ်ကျော်နှင့် နောက်ဖေး လမ်းကြားကျူးကျော်မှု(၃၇)မှုအတွက် တစ်ဆယ့်လေးသိန်းကျော် ဒဏ်ရိုက်အရေးယူနိုင်ခဲ့တယ် လို့ ရန်ကုန်မြို့တော်ဝန်ကဖြေကြားခဲ့ပါတယ်။



Follow us on