1. Home
  2. Special or Others

ရေကန်တွင်းပြန်တွေ့ခဲ့သော ကင်မရာတစ်လုံး၏ စိတ်ဝင်စားစရာ နောက်ခံဇာတ်လမ်း

Special or Others ก.ย. 25, 2560 view 1,526

ကယ်လီဖိုးရီးနီးယား တောင်ပိုင်းရှိ ဟတ်စပါရီယာ ရေကန်တွင် အမျိုးသမီးတစ်ဦး ငါးဖမ်းထွက်ရင်း ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာများ ကိုင်ဆောင်သည့် နီကွန်အမျိုးအစား DSLR ကင်မရာတစ်လုံး သူမရဲ့ ငါးမျှားချိတ်မှာ ချိတ်ပါလာခဲ့သည်။


ရှယ်လီဆိုသူ ပမျိုးသမီးက ပထမတွင် သူမ၏ ငါးမျှားချိတ်မှာ ငါးကြီးကြီးတစ်ကောင်ပါလာပြီဟု မှတ်ယူကာ ဝမ်းသာအားရဖြင့် ငါးမျှားကြိုးကို ရစ်တင်ခဲ့ရာ မထင်မှတ်ပဲ ကင်မရာတစ်လုံးချိတ်ပါလာသည်ကို တွေ့ခဲ့ရသည်။

ကင်မရာမှာ ရေကန်တွင်းနစ်နေခဲ့တာ ကြာမြင့်သည့်အလျှောက် ရွှံနွံများဖြင့် ပျက်စီးနေခဲ့သော်လည်း ကင်မရာအတွင်းရှိ မမ်မိုရီကတ်မှာ အလုပ်လုပ်သေးကြောင်း တွေ့ရှိရသည်။ မာမိုရီကတ်ကို သူမစစ်ဆေးကြည့်ရာ ဓါတ်ပုံပေါင်း ၁,၇၀၀ ကျော်ရှိပြီး နောက်ဆုံးရိုက်ကူးထားသည့် ရက်စွဲမှာ ၂၀၁၆ ခုနှစ် မေလ ၁၀ ရက်နေ့က ဖြစ်ကြောင်းတွေ့ရှိရသည်။


သူမက ကောက်ရသော ကင်မရာအကြောင်းကို လူမှုကွန်ယက်ဖေ့စ်ဘွခ်ပေါ်တင်ပြီး စုံစမ်းခဲ့ရာ ကင်မရာပိုင်ရှင်မှာ ဓါတ်ပုံသတင်းထောက် ဒေးဗစ်ပရာဒို ဆိုသူဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုစဉ်က ရေကန်အနီး ဝန်းကျင်တွင် မှတ်တမ်းဓါတ်ပုံလျှောက်ရိုက်နေစဉ် အမျိုးသမီးတစ်ဦးက ဘဲကိုအစာကျွေးနေသော သူမ၏ ပုံများကို ဖျက်ပေးရန် ပြောလာခဲ့သည်။ ပရာဒိုက ဒီနေရာဟာ အများပြည်သူမြင်ကွင်းနေရာမှာ ရိုက်ကူးထားတာဖြစ်လို့ ဖျက်ပေးဖို့ငြင်းဆန်ခဲ့သည်။ အဲဒီနောက် အမျိုးသားနှစ်ဦးက သူကို ထိုးကြိတ်ကန်ကျောက်ပြီး ကင်မရာကိုလည်း ဖျက်စီးကာ သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့အတူ ရေကန်ထဲသို့ လွှင့်ပစ်ခဲ့ကြခြင်းဖြစ်သည်။


နောက်ပိုင်းတွင် အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးကို လုယက်မှု၊ သူတစ်ပါးပစ္စည်းဖျက်ဆီးမှုတို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

အဆိုပါသတင်းကို သိရှိရပြီးနောက် ရှယ်လီက ကင်မရာပိုင်ရှင် ပရာဒိုနဲ့ ဆက်သွယ်ကာ သူ၏ကင်မရာနဲ့ မမ်မိုရီကတ်တို့ကို ပြန်လည်ပေးအပ်ခဲ့သည်။
 



Follow us on