1. Home
  2. Movie Stars - Celebrity

တီဗီအစီစဉ်နှစ်ခုမှာ ရဲရဲတင်းတင်းဖော်ချွတ်ပြခဲ့တဲ့ လေဒီဂါဂါ

Movie Stars - Celebrity ก.ย. 25, 2560 view 1,642

ရုပ်ရှင်ကားများကို အွန်လိုင်း ဒစ်ဂျစ်တယ်စနစ်နဲ့ ထုတ်လွှင့်ပြသနေသော Netflix ၏ မှတ်တမ်းရုပ်ရှင် အစီစဉ်နှစ်ခုတွင် လေဒီဂါဂါက သူမဘဝ၏ အဖြစ်မှန်ဇာတ်လမ်းအတိုင်း ပါဝင်သရုပ်ဆောင်ခဲ့ရာတွင် ဝတ်လစ်စလစ်အခန်းများကို အပြင်မှာ တစ်ကယ်ပြုမူခဲ့သည်အတိုင်း ရဲရဲတင်းတင်း သရုပ်ဆောင်ခဲ့သည်။


No-holds-barred အစီစဉ်တွင် သူမဟာ ကလေးမရနိုင်တော့တဲ့အတွက် ထိန့်လန့်စိတ်လှုပ်ရှားခဲ့ကြောင်းကို ပရိသတ်သိအောင် ပြသခဲ့သလို သူမ၏ နာတာရှည်နာကျင်သော ရောဂါသက်သာစေရန် တင်ပါးကို သူငယ်ချင်းဖြစ်သူမှ ဆေးထိုးပေးရသည့် အဖြစ်မှန်ကိုလည်း မကွယ်မဝှက် အရှိအတိုင်း သရုပ်ဆောင်သွားခဲ့သည်။


နောက်ထပ်သူမ၏ အတွင်းကျကျဘဝကို ဖော်ညွှန်းထားသည့် Five Foot Two အစီစဉ်မှာလည်း သူမရဲ့ဘဝကို ပရိသတ်တွေမြင်သာအောင် ဖျတ်ခနဲ ဖော်ပြပေးခဲ့သည်။ သူမ၏ Super Bowl ဖျော်ဖြေပွဲအတွက် အဝတ်အစားလဲခန်းထဲက အခြေနေများကို အရှိအတိုင်း အပေါ်ပိုင်းဗလာနဲ့ ရိုက်ကူးတင်ဆက်ခဲ့သည်။


အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂရမ်မီဆုရှင် လေဒီဂါဂါက သူမရဲ့ ကိုယ်ပိုင်ဘဝနဲ့ အဆိုတော်အဖြစ်ရပ်တည်ရတဲ့ ဘဝနှစ်ခုကို အပြန်လှန်သိစေခဲ့ပြီး သူမဘဝမှာ ကိုယ်ပိုင်မိသားစုလေး မတ်ဆောက်နိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့ အခန်းက သူမဘဝအတွက် အခြောက်အခြားဆုံး အချိန်တွေဖြစ်ခဲ့ရတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
 



Follow us on