1. Home
  2. Movie Stars - Celebrity

ဗီဒီယိုလောက ခေတ်မပျက်ခင် ကိုယ်ပိုင်စီပွားရေးနဲ့ ခုထားရတဲ့ မေပန်းချီ

Movie Stars - Celebrity ก.ย. 26, 2560 view 1,582

ဗီဒီယိုလောကမှာ သရုပ်ဆောင်ကောင်းတယ်လို့ ပရိသတ်အသိမှတ်ပြုခံထားရတဲ့ သရုပ်ဆောင်မေပန်းချီက ဗီဒီယိုခေတ်ပျက်သွားရင် ဘယ်သွားလို့ ဘယ်လာရမှန်မသိ မဖြစ်ရအောင် အခုကတည်းက စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေရကြောင်း ပြောပြခဲ့ပါတယ်။

ဗီဒီယိုလောက အတော်လေးကို မကောင်းတော့တဲ့အတွက် တစ်လမှာ တစ်ကားနှစ်ကားတောင် မရိုက်ရတော့ပဲ ဆိုင်အလုပ်တွေသာ လုပ်ဖြစ်နေတယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ဖို့အတွက် သိန်းထောင်နဲ့ချီပြီး ကုန်မှာဖြစ်လို့ လက်လှမ်းမမီတော့သလို ဗီဒီယိုဇာတ်ကားတွေဆိုရင် သိန်း၁၀၀ လောက်နဲ့ ရိုက်ကူးနိုင်ပေမယ့် ဗီဒီယိုလောက အခြေအနေပျက်ယွင်းနေတာကြောင့် အရင်တောင်ပြန်ရဖို့ မသေချာတော့ဘူးလို့ ပြောပါတယ်။


သူမကို ပရိသတ်က သရုပ်ဆောင်ကောင်းသူအဖြစ် အသိမှတ်ပြုကြပေမယ့်လည်း အနုပညာလောကမှာ နေရာတစ်ခုကို မရထားတဲ့အတွက် အနုပညာလောက က ရလာတဲ့ဝင်ငွေက မလောက်လို့ စီးပွားရေးလုပ်ရတဲ့ အပိုင်းလဲ ပါပါတယ်လို့ ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။

လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှာတော့ သူမကို ချစ်ခင်ကြတဲ့ ပရိသတ်တွေရှိနေသလို သူမကလည်း သူမရဲ့ လက်တွေ့ဘဝကို ပရိသတ်ကြီးသိအောင် အရိုးရှင်းဆုံး အသိပေးနေတဲ့အတွက် ပရိသတ်ရဲ့ ချစ်ခင်မှုကိုရရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ KATE Amazing Jean shop ဆိုတဲ့ ဖက်ရှင်ဆိုင်လေးကို ဖွင့်လှစ်ထားပါတယ်။
 



ကိုးကား - ဒီမိုကရေစီတူဒေး
 



Follow us on