1. Home
  2. Good Morning Myanmar

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၁၂)ခုတွင် အသေးစားစက်မှုဇုန်များ ထူထောင်မည်

Good Morning Myanmar ก.ย. 26, 2560 view 1,387

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်(၁၂)မြို့နယ်မှာအသေးစား စက်မှုဇုံတွေထူတောင်ပြီး လက်ရှိရှိနေတဲ့စက်မှုဇုန်တွေကိုလည်း အဆင့်မြှင့်တင်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြို့နယ်(၄၅)မြို့နယ်ရှိပြီး အဲ့ဒီအထဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်(၃၃)မြို့နယ်အတွင်းမှာပဲ စက်မှုဇုံတွေတည်ရှိနေတာပါ။

စက်မှုဇုန်တွေမှာ လာရောက်လုပ်ကိုင်သူများပြားနေတာကြောင့် ရန်ကုန်မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်(၁၂)မြို့နယ်မှာ အသေးစားစက်မှုဇုံတွေထူထောင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စက်တင်ဘာ ၂၃ ရက် ကျင်းပတဲ့ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ (၁၀)ကြိမ်မြောက်တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒါအပြင် လက်ရှိ စက်မှုဇုန်တွေကိုလည်း အဆင့်မြှင့်တင်ဖို့ စက်မှုဇုန် အဆင့်မြှင့်တင်ရေးကော်မတီတွေဖွဲ့စည်းထားပြီး ဒီလို အဆင့်မြှင့်တင်ဖို့ကိုတော့ ကျူးကျော်ပြသာနာ၊ ရေသန့်ရရှိရေး၊လျှပ်စစ်ရရှိရေး၊ရေဆိုးစွန့်ပစ်မှု၊အမှိုက်စွန့်ပစ်မှု၊လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု တွေက အဓိကအခက်အခဲဖြစ်နေတယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။စက်မှုဇုန် တွေအတွက် ကျူးကျော်တွေဟာ ၀န်ထုတ်ဝန်ပိုးဖြစ်နေပြီး ပြန်လည်နေချထားပေးဖို့ လုပ်ဆောင် နေတယ်လို့သိရပါတယ်။လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်တောင်ထားတဲ့ စက်မှုဇုန်ပေါင်း (၂၉)ခုရှိတယ်လို့သိရပါတယ်။



Follow us on