1. Home
  2. Special or Others

လမ်းလယ်မှာ ရုတ်တရက် ကလေးမွေးဖွားခဲ့တဲ့ ဗီဒီယို ကြည့်ရှုသူများ ရှောခ့်ရ (ရုပ်သံ)

Special or Others ก.ย. 26, 2560 view 1,677

လမ်းမအလယ် လူမြင်ကွင်းမှာ မအောင့်နိုင်မအီးနိုင် ကလေးမွေးချလိုက်တဲ့ ဗီဒီယိုက ကြည့်မိသူတိုင်းကို ရှောခ့်ရသွားစေပါတယ်။

တရုပ်နိုင်ငံက ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးဟာ လမ်းသွားနေရင်းနဲ့ လမ်းလယ်ကောင်မှာ သူမရဲ့ ဘောင်းဘီနဲ့ အတွင်းခံတို့ကို ကမန်းကတန်းချွတ်ချခဲ့ပြီး လမ်းမပေါ်မှာတင် ကလေးမွေးချလိုက်ပါတယ်။


စက္ကန့်အနည်းငယ်အတွင်းမှာပဲ ကလေးက လျောကနဲ့ထွက်ကျလာပြီး ကတ္တရာလမ်းနဲ့ ဆောင့်ကျခဲ့ပါတယ်။ ကလေးရဲ့ စူးစူးဝါးဝါး အော်ငိုသံနဲ့အတူ ဘေးကကြည့်နေသူတွေ ဘာလုပ်ရမှန်းမသိအောင် ရှောခ့်ဖြစ်သွားခဲ့ပါတယ်။


နောက်ဆုံးမှာ သားဖွားပေးတဲ့ အတွေ့အကြုံရှိသူအမျိုးသမီးကြီးတစ်ဦးရောက်လာပြီး ကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ဆေးရုံမှ အရေးပေါ်ကူညီရေး ဆေးဝန်ထမ်းများ ရောက်လာပြီး မိခင်ရောကလေးပါ ဆေးရုံသို့ပို့ပေးခဲ့ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။


 



Follow us on