1. Home
  2. Woman To Woman

အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါဝေဒနာတွေကို ဘယ်လိုကာကွယ်ကြမလဲ

Woman To Woman มิ.ย. 10, 2558 view 1,582

အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါဝေဒနာတွေကို ဘယ်လိုကာကွယ်ကြမလဲ      

 နေပူချိန်တွေမြင့်မားနေတဲ့အခါ အပူကြီးတဲ့အတွက်မိတ်တွေပေါက်မယ် ၊ချွေးတွေအရမ်းထွက်တဲ့အတွက်အားယုတ်တာတွေ ၊အပူအရမ်းပြင်းရင်ခေါင်းကိုက်တာတွေ ၊ဖျားနာပြီးအပူရှပ်တာတွေ ၊ပူတဲ့အတွက်စိတ်တွေလဲရှုပ်နေမယ် လုပ်ငန်းခွင်မှာလဲ အဆင်မပြေမှုတွေအနှောက်အယှက်တွေဖြစ်တက်ပါတယ် ။ကြွက်တက်ခြင်းလဲ ဖြစ်တတ်ပါတယ်။အပူရှပ်ခြင်းကို ဖြစ်ပေါ်စေတဲ့ အခြေအနေတွေတွေကတော့ နေပူထဲကနေ အိမ်ကိုပြန်ရောက်ရောက်ချင်း မျက်နှာသစ်တာ ၊ရေချိုးတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။တချို့က အိုက်လွန်းလို့ အကျီင်္တွေချွတ်ထားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

     အပူရှပ်တာကိုဘယ်လိုသိနိုင်မလဲဆိုရင် အပူရှပ်ရင် အပူချိန်တွေအရမ်းတက်လာပါမယ် 104၊ 105 ၊106 ထို့ကဲ့သို့တဆင့်ဆင့်တက်လာနိုင်ပါတယ်။အရေးပေါ်ဆေးရုံတက်ရတဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။ ကိုယ်တွေလက်တွေလဲကိုက်ခြင်း ၊ခေါင်းကိုက်ခြင်းလဲခံစားလာရပြီဆိုရင်အကောင်းဆုံးကတော့အမြန်ဆုံးကုသမှုခံယူရမှာဖြစ်ပါတယ်။ပူပြင်းနေတဲ့အချိန်မှာ အရက်သောက်ခြင်းကိုလဲ လျှော့သင့်ပါတယ်၊ ကလေးတွေကိုလဲ နေပူထဲမဆော့မိအောင်သတိထားရပါမယ်။နွေရာသီမှာပူနေတဲ့အတွက် အ၀တ်အစားဝတ်ရာမှာလဲချည်ထည်ပွပွချောင်ချောင်လေးတွေကိုဝတ်သင့်ပါတယ်။နေပူဒဏ်ကိုကာကွယ်ပေးမဲ့ထီး ၊ဦးထုပ်တွေကို ဆောင်ထားသင့်ပါတယ် ။နေရိပ်ထဲမှာနေတာကတော့အကောင်းဆုံးဖြစ်ပါတယ်။

     အဲကွန်းခန်းထဲမှာနေတဲ့သူတွေလဲသတိထားသင့်ပါတယ် ။ သူတို့ကအပြင်က ပြန်လာပြီးအဲကွန်းခန်းထဲကို ချက်ချင်းဝင်ထိုင်တာမျိုးကိုမလုပ်သင့်ပါဘူး နေပူထဲက ပြန်လာလျှင် အဲကွန်းခန်းထဲ ချက်ချင်းမ၀င်ပဲ ခဏလေးအပူရှိန် လျော့သွားအောင်စောင့်ပေးသင့်ပါတယ်။မှည့်လွန်းတဲ့အသီး ၊၀မ်းနူးစေတဲ့အစားအစာ ၊သွေးတိုးဆီးချိုရှိတဲ့သူတွေအနေနဲ့အဆီများများပါတာတွေကို အပူအရမ်းပြင်းတဲ့အချိန်မှာရှောင်သင့်ပါတယ်။အပူရှပ်ပြီဆိုရင် ရှေးဦးသူနာပြုနည်းကတော့ ရေပက်တိုက်ခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ဆေးရုံသွားခြင်းကတော့အသင့်တော်ဆုံးဖြစ်ပါတယ်။ရာသီအပြောင်းအလဲ မှာ ကျန်းမာရေးကိုဂရုစိုက်ကာကွယ်သင့်သည်များကို ကာကွယ်ပြီးကျန်းမာနိုင်ကြပါစေ။

 


Follow us on