
တရုတ်နိုင်ငံအလယ်ပိုင်းက တက္ကသိုလ်အဆောက်အအုံပုံစံဟာ အိမ်သာနဲ့ ပုံစံတူနေတာ ကြောင့် အင်တာနက်အသုံးပြုသူတွေကလှောင်ပြောင်နေကြတယ်လို့ သတင်းဝက်ဘ်ဆိုက်တစ်ခု ကဆိုပါတယ်။ သည်အထပ် ၁၂ ထပ်ပါအဆောက်အအုံဟာ ဟီနန်ပြည်နယ် ကျန်ကျိုးက ရေအရင်းအမြစ်နှင့် လျှပ်စစ်စွမ်းအား ဆိုင်ရာ မြောက်ပိုင်းတရုတ်တက္ကသိုလ်မှာရှိတယ်လို့ vcg.com မှာဖော်ပြထားပါတယ်။

အင်တာနက်အသုံးပြုသူတွေက သည်အဆောက်အအုံရဲ့ရှေ့ပိုင်းဟာ အိမ်သာကြွေခွက်ပုံစံနဲ့တူပြီး အနောက်ပိုင်း ကတော့ ရေထည့်တဲ့အိုးနဲ့တူတယ်ဆိုပြီး လှောင်ပြောင်နေကြပါတယ်။ သည်အဆောက်အအုံရဲ့အမိုးကတောင် အိမ်သာအဖုံးနဲ့တူနေတယ်လို့လည်း လှောင်ပြောင်နေကြပါတယ်။ သည်ကောလိပ်ဘွဲ့ရကျောင်းသားတွေ သူတို့ကိုယ်ပိုင်လုပ်ငန်းစတင်နိုင်အောင် အကူအညီပေးဖို့ရည်ရွယ် ဆောက်လုပ်ထားတဲ့ သည်အဆောက်အအုံအတွက် တရုတ်ယွမ် ၈၆သန်း(ဒေါ်လာ၁၃သန်း) ရင်းနှီးမြှုပ်နှံထားပြီး မနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့တာပါ။
Credit : kumudranews
comment