1. Home
  2. Special or Others

ဟော့ပေါ့ဆိုင်မှာ ကလေးတွေနဲ့ သွားစားမယ်ဆို သတိထားပါ (ရုပ်သံ)

Special or Others ก.ย. 26, 2560 view 1,411

ဟော့ပေါ့ဆိုင်တစ်ခုမှာ လာစားကြတဲ့ မိသားစုသုံးဦး မှာထားတာများ ထိုင်စောင့်နေစဉ်  ကလေးငယ်ဖြစ်သူက မိခင်ရဲ့ ဘေးခုံမှာထိုင်ကာ သူ့ရဲ့ မိုဘိုင်းဖုန်းနဲ့ ဂိမ်းကစားနေပြီး ဖခင်ကတော့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေပါတယ်။

အဲဒီအချိန်မှာ မှာထားတဲ့ ဟော့ပေါ့ရည်ပူပူကြီးကို သယ်လာတဲ့ စာပွဲထိုးဟာ ဟော့ပေါ့အိုးကို စားပွဲပေါ်သို့တင်ချိန်တွင် ချော်လဲပြီး ကလေးရဲ့ မျက်နှာပေါ်မှ ကိုယ်လုံးပေါ်သို့ ဟင်ရည်ပူအိုးလိုက် မှောက်ချမိသလိုဖြစ်ခဲ့တာကို စီစီတီဗီမှတစ်ဆင့် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဆိုပါဗီဒီယို အွန်လိုင်းပေါ်ပျံ့သွားပြီး အားလုံးက သတိရှိကြစေရန် ဝေမျှခဲ့ကြပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ဒဏ်ရာရမှုအခြေအနေကိုတော့ တိတိကျကျမသိရှိရသေးပါ။
အားလုံးပဲ ကလေးငယ်တွေနဲ့ ဟော့ပေါ့သွားစားကြတဲ့အခါ သတိထားနိုင်ရန် ဖော်ပြရခြင်းဖြစ်ပါတယ်။
 



Follow us on