အီဂျစ်နိုင်ငံမှ စိတ်ဝင်စားစရာ ရိုးရာဓလေ့တစ်ခုမှာ နာမကျန်း ဖြစ်နေသူကို ပူပြင်းသည့် နေရောင်ခြည်တွင် အပူဒဏ်ခံစေ၍ သက်သာ ပျောက်ကင်းစေသည့် နည်းလမ်းဖြစ်သည်။ အီဂျစ်နိုင်ငံ အနောက်ပိုင်းရှိ ဒေသခံတွင် ဝိဇ္ဇာ ဂမ္ဘီယလမ်း လိုက်စားသူများက ရှေးနှစ်ပေါင်းများစွာ ကတည်းက ကျင့်သုံး ခဲ့သည်။ အီဂျစ်ပြည်၌ပေါများလှသော သဲကန္တာရကို အသုံးပြုပြီး ဆေးကုသပေးခြင်းဖြစ်သည်။
နာမကျန်းဖြစ်သူကို သဲကန္တာရအတွင်းရှိ သဲများဖြင့် ဖုံးလွှမ်းကာ ဆယ့်ငါးမိနစ်ခန့် လဲလျောင်းစေ သည်။ ပြီးနောက် ရေပူကန်ထဲတွင် ထပ်မံ ရေချိုးစေကာရောဂါကို ကုသစေခြင်း ဖြစ်သည်။ ယင်းကုထုံးသည် ဖျားနာမှုသာမက သားသမီး မရသူများကိုလည်း ရရှိစေသည် ဟုဆိုသည်။ လက်တင် ဂမ္ဘီယပညာရှင်များ အကြားတွင်မူ balneum siccum ဟုခေါ်သည်။
Credit : Mi Mi Tun