လာမယ့်အောက်တိုဘာ(၅)ရက်မှာ ကျရောက်မယ့် သီတင်းကျွတ်လပြည့်နေ့အတွက် ကန်တော့ခံပစ္စည်းများကို ဈေးဆိုင်တွေမှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။လာရောက်ဝယ်ယူမှု ကတော့ နည်းပါးနေသေးတယ်လို့ တရုတ်တန်းမှာရှိတဲ့ စတိုးဆိုင်အချို့မှ သိရပါတယ်။အခုနှစ် သီတင်းကျွတ်ကာလဟာ တရုတ်လူမျိုးတွေရဲ့ လမုန့်ပွဲတော်နဲ့လည်း တိုက်တာကြောင့် စတိုးဆိုင်ကြီးတွေမှာ တရုတ်လမုန့်မျိုးစုံအပြင် သီတင်းကျွတ်ကာလအတွက်လည်း ကန်တော့ခံခြင်း တောင်းများ၊အအေးပုလင်းများနဲ့ မုန့်ပုံးအစုံအလင်တင်ထားတာဖြစ်ပါတယ်။
အခုလိုမုန့်ပစ္စည်းအစုံအလင် တင်ထားပေမယ့်လည်း ၀ယ်ယူသူတွေအနေနဲ့စောနေသေးတဲ့အတွက် လာရောက်ဝယ်ယူခြင်းမရှိသေးတာကြောင့် ဈေးကွက်အနေအထားကို ပြောလို့မရသေးဘူးလို့ သိရပါတယ်။ မုန့်ပစ္စည်းတွေအပြင် ကန်တော့ခံပစ္စည်းဖြစ်တဲ့ အသီးအနှံတွေကိုလည်း ရောင်းချနေကြပါပြီ။လက်ရှိမှာတော့ ဈေးကွက်မှာ အရောင်းအ၀ယ်အေးနေတယ်လို့သိရပါတယ်။သီတင်းကျွတ်ကာလရောက်ရင်တော့ကန်တော့ခံပစ္စည်းတွေကိုဝယ်ယူသူတွေ များလာဖို့ ရောင်းချတဲ့ ဈေးဆိုင်တွေအနေနဲ့မျှော်လင့်နေရတယ်လို့ပြောဆိုထားကြပါတယ်။
comment