1. Home
  2. Myanmar News

ရဲတပ်ဖွဲ့က YBS ယာဉ်တွင် အသွင်ယူပြီး ခါးပိုက်နှိုက်များကို ဖမ်းဆီး

Myanmar News ก.ย. 28, 2560 view 1,456

ရန်ကုန်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင် များသည် YBS ယာဉ်လိုင်း (၄၂) ယာဉ်ပေါ်တွင် အသွင်ယူ လိုက်ပါ စီးနင်းပြီး ခါးပိုက်နှိုက်သုံးဦးကို လက်ရဖမ်းဆီးခဲ့သည်။
စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် ခရေပင်လမ်းခွဲ မီးပွိုင့်အနီး၌ ခရီးသည်အမျိုးသား တစ်ဦးလွယ်ထားသည့် အိတ်အ တွင်းမှ ပစ္စည်းများ နှိုက်ယူနေသူ များကို ဖမ်းဆီးခဲ့ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။


နှစ်ဦးက လူကာပေးထား ကာ တစ်ဦးက နှိုက်ယူပြီး ခေါက်ပိုက်ဆံအိတ်အတွင်းမှ ဇေယျာ ဖြိုးအမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခုနှင့် ငွေ ကျပ် ၄၈,၉၀၀ တွေ့ရှိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိသူ ထွန်းထွန်းထံမှ တွေ့ရှိသည့် တယ်လီနောတံဆိပ်ပါ လက်ကိုင် ဖုန်းနှင့်ပတ်သက်၍ စစ်ဆေးရာ စက်တင်ဘာ ၁၇ ရက်က ခရေပင် လမ်းခွဲမှတ်တိုင်အနီး၌ YBS (၄၂) ယာဉ်ပေါ်ပါ အသက် (၄၀) ခန့် ရှိ အမျိုးသမီးတစ်ဦးထံမှ နှိုက်ယူ ရရှိသော လက်ကိုင်ဖုန်းဖြစ် ကြောင်း ပေါ်ပေါက်ခဲ့သည်။
ရွှေပြည်သာမြို့နယ်နေ ပြည့်ဖြိုးအောင်၊ မြောက်ဥက္ကလာပမြို့ နယ်နေ နိုင်လင်းဝေနှင့် ထွန်းထွန်း တို့ကို အမှုဖွင့်ကာ သက်သေခံ ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။


ရန်ကုန်တိုင်းရဲတပ်ဖွဲ့သည် ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှု ကျူးလွန်သူများကိုလည်း ဖမ်းဆီး ရမိရေး စွန်ရဲစီမံချက်အဆင့် (၄)ကို စက်တင်ဘာ ၁ ရက် ကစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံချက်ကာလသတ်မှတ်ဆောင် ရွက်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


သတင်းရင်းမြစ် - 7Day
 



Follow us on