1. Home
  2. Myanmar News

လက်ဖက်၊ ငရုတ်ဆီနှင့် သကြားလုံး ၇ မျိုး စားသုံးရန် မသင့်ကြောင်း ကြေညာ

Myanmar News ก.ย. 28, 2560 view 1,583

လက်ဖက်၊ ငရုပ်ဆီနဲ့ သကြားလုံး အပါအဝင် အစားအစာ အမျိုးအစား ၇ မျိုးမှာ ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတဲ့အတွက် အများပြည်သူ စားသုံးဖို့ မသင့်တဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး ကြေညာလိုက်ပါတယ်။ သုံးစွဲဖို့မသင့်တဲ့ အမှတ်တံဆိပ် အမျိုးအစားတွေထဲမှာ ဖိုးဇီးကွက်လက်ဖက်၊ မြမြင့်မိုရ်လက်ဖက်၊ တာတီးလက်ဖက်၊ ရွှေနှင်းဆီ ငရုတ်ဆီ၊ မြမြငရုတ်သီးပုံ တုတ်ထိုးသကြားလုံး လိမ္မော်ရောင်၊ မြမြ ငရုတ်သီးပုံ တုတ်ထိုးသကြားလုံး ပန်းရောင်နဲ့ မြမြ ဘောလုံးပုံ တုတ်ထိုးသကြားလုံးရောင်စုံတို့ ပါဝင်ပါတယ်။

ဈေးတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ဝယ်ယူစစ်ဆေးရာမှာ Auramine O နဲ့ RhodamineB ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာကို တွေ့ရှိတာဖြစ်ပြီး အစားအသောက် ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ ခွင့်မပြုဆိုးဆေးတွေ လုံးဝအသုံးမပြုကြဖို့နဲ့ လိုက်နာမှုမရှိရင် ဥပဒေအရ အရေးယူမယ်လို့ သတိပေး ကြေညာထားပါတယ်။

Credit : burmese.dvb.no

ဓာတ်ပုံ- FDA



Follow us on