1. Home
  2. Good Morning Myanmar

နိုင်ငံတကာအဆင့်မီရွှေ၊ကျောက်မျက်ရတနာရောင်းဝယ်ဖောက်ကားရေး ဗဟို ဈေးကွက်ဖော်ဆောင်နိုင်ဖို့

Good Morning Myanmar ก.ย. 28, 2560 view 1,394

ပြည်တွင်းမှာနိုင်ငံတကာအဆင့်မီရွှေရွှေဖြင့်ပြုလုပ်ထားတဲ့လက်ဝတ်ရတနာနဲ့ပစ္စည်းတွေကျောက်မျက်ရတနာအချောထည်တွေနဲ့မြန်မာ့တွင်းထွက်သတ္တုသယံဇာတများရောင်းဝယ်ဖောက်ကားရေးဗဟိုဈေးကွက်ဖော်ဆောင်နိုင်ဖို့နဲ့ရွှေနှင့်ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာများဖွင့်လှစ် နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ စက်တင်ဘာလ(၂၆)ရက်နေ့ကSummit Park View Hotelမှာပြုလုပ်ခဲ့တဲ့ မြန်မာ့ရွှေဗဟိုဈေးကွက်အလုပ်ရုံဆွေးနွေးပွဲမှ သိရတာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ရွှေနှင့်ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာတွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ Shanghai Gold Exchange မှ ရွှေပညာရှင်တွေ၊မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက် ရေးအများပိုင်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတွေ၊မြန်မာ့သတ္ထုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတွေနဲ့ မြန်မာ့ရွှေကျောက်မျက် သတ္ထုဗဟိုဈေးကွက် ဖြစ်မြောက်ရေးကော်မတီမှတာဝန်ရှိသူတွေ ပူးပေါင်းပြီး ရွှေဗဟိုဈေးကွက် ဖော်ဆောင်မှုအလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မကြာခင်ဖွင့်လှစ်နိုင်ဖို့အတွက် ရွှေနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာတွေကို ရန်ကုန်မြို့တွင်းရှိ မြို့ထဲမှာ(၁)ခုနဲ့ မင်္ဂလာဒုံ မြို့နယ်ရှိ ဧက(၇၀)ကျော်ရရှိထားတဲ့ နေရာတွေမှာဆောက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရွှေလုပ်ငန်းရှင်တွေအနေနဲ့လည်း ရွှေနှင့်ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ပြုလုပ်ပါက ရွှေသီးသန့်ဈေးကွက်ကိုပထမပြုလုပ်ပြီး ရွှေဈေးကွက်အောင်မြင်မှုရရှိပြီးမှ ကျောက်မျက် ဈေးကွက်ကို ဆက်လက်ပြုလုပ်သွားမှ အဆင်ပြေမယ်လို့ရွှေလုပ်ငန်းရှင်များမှ သုံးသပ်ပြောကြား ထားပါတယ်။ရွှေဗဟိုဈေးကွက်ဖြစ်ပေါ်လာပါက ရွှေဗဟိုဈေးကွက်ကနေ ချဲ့ထွင်ပြီး နိုင်ငံတကာ စံချိန်မှီတဲ့ ဈေးကွက်ပြုလုပ်နိုင်မယ်ဆိုရင် နိုင်ငံရဲ့အသေးစားအလတ်စားလုပ်ငန်းတွေကိုယှဉ်ပြိုင်နိုင်တဲ့ ဈေးကွက်တစ်ခု ဖြစ်အောင်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

ယခုလက်ရှိ ရွှေနှင့်ကျောက်မျက်ရောင်းဝယ်ရေးစင်တာပြုလုပ်ရာမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့အတွက် ရွှေလုပ်ငန်းရှင်တွေရဲ့အင်အားနဲ့ ပြုလုပ်ရာမှာအခက်အခဲအချို့ရှိနေတာကြောင့် နိုင်ငံတော်ဘက်က အကူအညီရယူပြီး ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်မှသာ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ရွှေနှင့်ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ပြုလုပ်ရာမှာ အဓိကကြုံတွေ့နေရတဲ့အခက်အခဲတွေကတော့ နည်းပညာအခက်အခဲ၊အတွေ့အကြုံ မရှိတာနဲ့အရင်းအနှီးလိုအပ်နေတာတွေ ဖြစ်တယ်လို့သိရပါတယ်။



Follow us on