1. Home
  2. Football

ဒူးဒဏ်ရာရရှိခဲ့တဲ့ မန်စီးတီးနောက်ခံလူ မန်ဒီ

Football ก.ย. 29, 2560 view 1,477

မန်စီးတီးအသင်း နောက်ခံလူမန်ဒီဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ် ပွဲစဉ်(၆)ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ နောက်ခံလူမန်ဒီဟာ ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာမိုနာကိုအသင်းမှ မန်စီးတီးအသင်းကိုပြောင်း ရွှေ့လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းအထိ ပေးချေခဲ့ရတဲ့ နောက်ခံကစား သမားတစ်ဦးဖြစ်ပါတယ်။ ပြောင်းရွှေ့ကတည်းက မိုနာကိုအသင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြောင့် မန်စီးတီး အသင်းကို ရောက်ရောက်ချင်းမှာ အသင်းနဲ့အတူ ပွဲထွက်မကစားခဲ့ရပဲ အနားယူခဲ့ရပြီး နောက်ပိုင်းပွဲတွေမှ ပါဝင် ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒဏ်ရာပြဿနာ ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၆) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မန်ဒီဟာ ခရစ္စတယ် ပဲလေ့စ်အသင်း တောင်ပံကစားသမား တောင်ဆန်ရဲ့ဖျက်ထုတ်မှုကြောင့် အဆိုပါဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး တစ် လခန့်အနားယူရမှာ ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမန်စီးတီးအသင်းရဲ့နောက်တန်းမှာ မန်ဒီအပြင် အသင်း ခေါင်းဆောင် ကွန်ပနီပါဒဏ်ရာရရှိနေတာဖြစ်ပြီး နည်းပြဂွါဒီယိုလာအနေနဲ့ ကျန်တဲ့နောက်ခံလူတွေကို အလှည့် ကျပွဲထုတ်သွားဖွယ်ရှိနေပါတယ်။

ဂွါဒီယိုလာဟာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနောက်တန်းကို အဓိကအပြောင်းအလဲပြုလုပ်ခဲ့ပြီး အသင်းမှကစားသမားဟောင်းတွေကို ထွက်ခွာခွင့်ပြုခဲ့ကာ ကစားသမားသစ်တွေကို ပြန်လည်ခေါ်ယူ အားဖြည့် ထားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ နောက်တန်းကိုအားဖြည့်ဖို့ အတွက်ပေါင် သန်း(၁၂၀)ကျော်အသုံးပြုခဲ့ ရပြီး ဒန်နီလို၊ ဝေါ်ကာနဲ့မန်ဒီတို့ နောက်ခံလူ(၃)ဦးကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ မန်ဒီဟာ ဒဏ်ရာကြောင့် လာ မယ့်ပရီးမီးယားလိဂ် ပွဲစဉ်တွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ စတုတ်စီးတီး၊ ဘန်လေအသင်းတို့နဲ့ ပွဲစဉ်တွေကို လွှဲချော်မှာ ဖြစ်တဲ့အပြင် ၀ုဗ်အသင်းနဲ့လိဂ်ဖလားပွဲစဉ်၊နာပိုလီအသင်းနဲ့ချန်ပီယံလိဂ်ပွဲစဉ်တွေကိုပါလွဲချော်ဖွယ်ရှိနေပါတယ်။



Follow us on