1. Home
  2. Football

ချန်ပီယံလိဂ်မှာ ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းနဲ့ဘန်ယက်ဒါ

Football ก.ย. 29, 2560 view 1,447

စပါးအသင်းတိုက်စစ်မှုးဟယ်ရီကိန်းနဲ့ ဆီဗီလာအသင်းရဲ့တိုက်စစ်မှုး ဘန်ယက်ဒါတို့ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၂) မှာ ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ်ဟက်ထရစ်သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပွဲစဉ် (၂) အဖြစ်ပရီးမီးယားလိဂ်ကလပ်စပါးအသင်းဟာ ဆိုက်ပရပ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အေပိုးလ်နီကိုးရှားအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး၊(၃) ဂိုး၊ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါ တယ်။

စပါးအသင်းအတွက်သွင်းဂိုး(၃)ဂိုးစလုံးကို ပွဲချိန် (၃၉)မိနစ်၊ (၆၂) မိနစ်နဲ့ (၆၇) မိနစ်မှာ တိုက်စစ်မှုး ဟယ်ရီကိန်းတစ်ဦးထဲကသွင်းယူပေးခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ပထမဆုံး ချန်ပီယံလိဂ်ဟက်ထရစ်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ယခုပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်မှာ ဟက်ထရစ်သွင်းဂိုးသွင်းယူနိုင်တဲ့ (၇) ယောက်မြောက် အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါ့အပြင် ယခုပွဲစဉ်မှာသွင်းယူခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးဟာ (၂၀၁၇) ခုနှစ်အတွင်းမှာ ဟယ်ရီကိန်းသွင်းယူခဲ့တဲ့ (၆) ကြိမ်မြောက် ဟက်ထရစ်သွင်းဂိုးလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းလိုပဲ ချန်ပီယံလိဂ် မှာ ကစားသမားဘ၀ ပထမဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားက ဆီဗီလာအသင်းရဲ့တိုက်စစ်မှုး ဘန်ယက်ဒါဖြစ်ပါတယ်။ ဘန်ယက်ဒါဟာ ဆီဗီလာအသင်းနဲ့ မာရီဘောအသင်းတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂) မှာ မာရီဘောအသင်းဘက်ကို ဟက်ထရစ်သွင်းဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါသွင်းဂိုးတွေကိုတော့ ပွဲချိန် (၂၇) မိနစ်၊(၃၈) မိနစ်နဲ့ (၈၃) မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။



Follow us on