1. Home
  2. Good Morning Myanmar

တရားမ၀င်သယ်ဆောင်လာသည့်ငါးတန်တွေဖမ်းဆီးရမိ

Good Morning Myanmar ก.ย. 29, 2560 view 1,394

မြ၀တီနယ်စပ်ကနေ တရားမ၀င်သယ်ဆောင်လာတဲ့ငါးတန်ပိဿာချိန်လေးသောင်း လေးထောင်ကျော်ကို အမှတ်(၃)လမ်းမကြီး၊လှည်းကူးမြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကနေ စက်တင်ဘာလ ၂၆ ရက်မှာပြုလုပ်တဲ့ ငါးလုပ်ငန်းအပတ်စဉ် အစည်းအဝေးမှာ အတည်ပြုပြောကြားလိုက်ပါတယ်။

နယ်စပ်ကနေ တရားမ၀င် ငါးသယ်ဆောင်မှုတွေ ရှိနေတယ်လို့ သတင်းပေးသူတွေ ရှိတာကြောင့် လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ ဇရပ်ကွင်းလမ်းဆုံမှာ ကြိုတင်စောင့်ဆိုင်းပြိး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။တရားဝင်လွှဲပြောင်းခွင့်ပြုစာဖြစ်တဲ့ မျှောစာမှာ ပင်လယ်ငါး(ငါးမဲလုံး)ကိုသာ သယ်ဆောင်ခွင့်ပြုထားတာဖြစ်ပြီး တခြားငါးအမျိုးအစားတွေကို သယ်ဆောင်ခွင့်မရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ကားပေါ်မှာ ကားမောင်းသူနဲ့အကူတစ်ဦးပါဝင်ပြီး တရားမ၀င် သယ်ဆောင်လာတဲ့ ငါးတန်တွေကိုသာ သိမ်းဆည်းအရေးယူခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့ ငါးတန်တွေကို ရောင်းချရရှိခဲ့တဲ့ငွေကျပ်(၅၉သိန်း၎သောင်း)ကျော်ကိုတော့ နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် သုံးစွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမှာ နယ်စပ်ကနေ ၀င်ရောက်လာတဲ့ ပစ္စည်းတွေကို ပုံမှန်စစ်ဆေးတဲ့ ဂိတ်မရှိသေးဘူးလို့သိရပါတယ်။ဒါကြောင့် တရားမ၀င်ငါးသယ်ဆောင်နေမှုတွေ လျော့နည်းသွားအောင် ငါးဖမ်းဆီးရေးကော်မတီဖွဲ့စည်းသွားဖို့ စီစဉ်နေဆဲဖြစ်ပါတယ်။

 



Follow us on