1. Home
  2. Good Morning Myanmar

မသန်စွမ်းကလေး(၆၇)ရာခိုင်နှုန်း ပညာသင်ကြားခွင့်ဆုံးရှုံးနေ

Good Morning Myanmar ก.ย. 29, 2560 view 1,401

ပြည်တွင်းက မသန်စွမ်းသူဦးရေ(၂ဒသမ၃သန်း)နီးပါးထဲမှာ တစ်ဝက်ကျော်က ပညာသင်ကြားခွင့်ဆုံးရှုံးနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရပါတယ်မသန်စွမ်းကလေးတွေပညာ
သင်ကြားခွင့်ဆုံးရှုံးနေတဲ့အပေါ်မှာ မသန်စွမ်းအဖွဲ့အစည်းအသီးသီးက မသန်စွမ်းသူများအားလုံးပါဝင်ပြီး လူတိုင်းအကျုံးဝင်ပညာရေး ဖြစ်အောင်လို့ ဆောင်ရွက်နေကြပါတယ်။

မသန်စွမ်းအဖွဲ့အစည်းအသီးသီးထဲကမှ ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရိပ်မြုံအဖွဲ့ ကလည်း စက်တင်ဘာလ(၂၇)ရက် လူတိုင်းအကျုံးဝင်ပညာရေးဆွေးနွေးပွဲကိုရန်ကုန်မြို့Centralဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်မသန်စွမ်းကလေးတွေပညာသင်ကြားခွင့်ရရှိနိုင်ရေးအတွက်ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရိပ်မြုံအဖွဲ့အနေနဲ့လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်းကို၂၀၁၇ခုနှစ်က စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

လူတိုင်းအကျုံးဝင်ပညာရေးစီမံကိန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်(၁၀)မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း(၅၅)ကျောင်းမှာ တက်ရောက်နေတဲ့ မသန်စွမ်းကျောင်းသားပေါင်း(၁၀၀)ကျော်ရဲ့လိုအပ်တာတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်ကို လုပ်ဆောင်နေပါတယ်။ အခြေခံပညာရေးကျောင်းတွေမှာ မသန်စွမ်းတွေအတွက် သီးသန့်ဆရာ၊ဆရာမမထားနိုင်သလိုသွားလာရေးအခက်အခဲတွေနဲ့သင်ထောက်ကူပစ္စည်းလိုအပ်ချက်တွေရှိနေတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေတာဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းမှာ မသန်စွမ်း(၅၃)ရာခိုင်နှုန်းဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေပြီး မသန်စွမ်းသူ (၂)ရာခိုင်နှုန်းသာအဆင့်မြင့်ပညာကိုဘွဲ့ရအောင်သင်ကြားထားနိုင်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မသန်စွမ်းသူများစစ်တမ်းများအရ သိရပါတယ်။

 



Follow us on