1. Home
  2. Good Morning Myanmar

ကမ္ဘာ့လုံခြုံရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တရုတ်ပူးပေါင်းဆောင်ရွက်မည်

Good Morning Myanmar ก.ย. 29, 2560 view 1,388

ကမ္ဘာ့လုံခြုံရေးကိစ္စရပ်တွေမှာ တရုတ်နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး အင်အားကြီးနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့ တရုတ်သမ္မတရှီကျင့်ပင်က ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့လုံခြုံရေးအတွက် တခြားနိုင်ငံတွေ၊နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး လူသားမျိုးနွယ်ရဲ့လုံခြုံရေးကိစ်္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင်က ပြောလိုက် ပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်ဟာ နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုရဲ့(၈၆)ကြိမ်မြောက်အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြား စဉ်မှာ ပြောကြားလိုက်တာပါ။ နိုင်ငံတကာဥပဒေစိုးမိုးရေးကိစ္စရပ်တွေ၊ လုံခြုံရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတွေနဲ့မှုခင်း တိုက်ဖျက်ရေးကိစ္စရပ်တွေမှာ အင်တာပိုရဲ့အခန်းကဏ္ဍဟာ အရေးကြီး တယ်ဆိုပြီး ရှီကပြောပါတယ်။တရုတ်နိုင်ငံဟာ အင်တာပိုကို ထောက်ပံ့မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ရှီကပြောပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲဒေသတွေရဲ့ လုံခြုံရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ၀ိုင်းဝန်းကူညီကြဖို့လည်းရှီက ပြောခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ ပဋိညာဉ်တွေနဲ့ အင်တာပိုရဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပြီး နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို လျော့ချဖို့နဲ့ သင့်လျော်တဲ့ နိုင်ငံတကာစည်းမျဉ်းတွေကို လိုက်နာကြဖို့ ကိုလည်း အင်တာပိုအဖွဲ့ဝင်နိုင်ငံတွေကို ရှီကတိုက်တွန်းပြောဆိုခဲ့ပါတယ်။စက်တင်ဘာလ(၂၆)ရက်ကနေ စက်တင်ဘာလ(၂၉)ရက်အထိ(၄)ရက်ကြာကျင်းပမယ့်အင်တာပိုရဲ့အထွေထွေညီလာခံကို နိုင်ငံပေါင်း(၁၅၈)နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပြီး နိုင်ငံတကာလုံခြုံရေး ကိစ္စရပ်တွေကို အဓိကဆွေးနွေးသွားမှာဖြစ်ပါတယ်။

 



Follow us on