1. Home
  2. Good Morning Myanmar

ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီးများ ယာဉ်မောင်းခွင့်ရရှိ

Good Morning Myanmar ก.ย. 29, 2560 view 1,450

ဆော်ဒီအာရေဗျနိုင်ငံကအမျိုးသမီးတွေဟာ လာမည့်(၂၀၁၈)ခုနှစ်မှာစတင်ပြီး ယာဉ်မောင်းခွင့် ရရှိတော့မှာဖြစ်တယ်လို့ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနမှာ သတင်းဖော်ပြခဲ့ပါတယ်။ အမျိုးသမီး တွေကို လမ်းတွေပေါ်မှာ ယာဉ်မောင်းခွင့်ပြုတော့မယ်ဆိုတဲ့ အမိန့်ကို ဆော်ဒီဘုရင် ဆယ်လ်မန်က စက်တင်ဘာလ(၂၆)ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ရှေးရိုးစွဲ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ကမ္ဘာမှာ အမျိုးသမီးတွေကို ကားမောင်းခွင့်တားမြစ်ထားတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ဆော်ဒီဘုရင် ဟာ အမျိုးသမီးတွေကို ကားမောင်ခွင့်ပေးဖို့နဲ့ပတ်သက်လို့ သူ့ကိုအကြံပေးဖို့ တစ်လအတွင်း ၀န်ကြီးအဖွဲ့တစ်ဖွဲ့ဖွဲ့စည်းမှာဖြစ်ပြီး ကားမောင်းခွင့်ဟာ (၂၀၁၈)ခုနှစ်၊ဂျွန်လကစတင်ပြီး အသက်ဝင်မှာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံက အမျိုးသမီးတွေဟာ ၀တ်စားဆင်ယင်မှုမှာ လွတ်လပ်မှုမရှိထားသလို ခရီးသွားဖို့၊အလုပ်လုပ်ဖို့နဲ့ ဆေးကုသဖို့ အုပ်ထိန်းသူအဖြစ်ရှိနေတဲ့ သက်ဆိုင်ရာအမျိုးသားတွေ ထံကနေ ထောက်ခံစာယူရပါတယ်။ဆော်ဒီဘုရင်ဆယ်လ်မန်က အခုနှစ်၊ဧပြီလမှာအမျိုးသားအုပ်ထိန်းသူတွေထားရှိတဲ့ စနစ်နဲ့ပတ်သက်လို့ (၃)လကြာပြန်လည်ဆန်းစစ်ခဲ့ပြီး လက်ရှိဥပဒေကတားဆီးသင့်တယ်လို့ မယူဆဘူးဆိုရင် အမျိုးသမီးတွေအနေနဲ့ အစိုးရကပေးနေတဲ့ဝန်ဆောင်မှုတွေကိုရရှိစေဖို့ ပိတ်ပင် တားဆီးမခံရသင့်ဘူးလို့ ပြောခဲ့ပါတယ်။

 



Follow us on