
အာတိတ်ဒေသတွင် ရုရှား၏အင်အားကိုမြှင့်တင်ပေးနိုင်ရန် ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံးရေခဲခွဲ သင်္ဘောကြီးကို စိန့်ပီတာစဘာ့ဂ်မြို့ရှိ ဘောလ်တစ်သင်္ဘောကျင်းတွင် ရေချအခမ်းအနားပြုလုပ်ခဲ့သည်ဟု သိရသည်။ Project 22220အတွက် တည်ဆောက်သည့်သင်္ဘောသုံးစင်းထဲမှ တစ်စင်းဖြစ်ပြီး ၎င်းသုံးစင်းလုံးသည် ကမ္ဘာ့အကြီးဆုံးနှင့် စွမ်းအင်အမြင့်ဆုံး ရေခဲခွဲသင်္ဘောကြီးများ ဖြစ်လာကြမည်ဖြစ်သည်။ ယခု Sibirသင်္ဘောသည် တန်ချိန် ၃၃၅၀၀ အလေးချိန်ရှိပြီး ၅၆၉ ပေရှည်သည်။

သင်္ဘောအမှုထမ်း ၇၅ ဦးပါရှိသည့် သင်္ဘောကြီးသည် အာတိတ်ရေပြင်၌သာမက ဝင်ရိုးစွန်းဒေသ မြစ်များအတွင်း၌ပါ သွားလာနိုင်သည်။ နျူကလီးယားဓာတ် ပေါင်းဖိုနှစ်ခုဖြင့် စွမ်းအင်ပေးထားသော သင်္ဘောကြီးသည် အထူ ၉ ပေကျော်သည့် ရေခဲပြင်ကြီးများကိုထိုးခွဲကာ အာရှဖောက်သည်များအတွက် ရုရှားသဘာဝဓာတ်ငွေ့များ ပို့ဆောင်ပေးမည့် LGN သင်္ဘောကြီးများကို လမ်းကြောင်းဖွင့်ပေးနိုင်မည်ဖြစ်သည်။ ရေခဲခွဲသင်္ဘောသုံးစင်းလုံးကို ရုရှား အစိုးရပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း Rosatom က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဒီဇယ်သင်္ဘော ၃၀ နှင့်နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောလေးစင်း ပိုင်ဆိုင်လာသောရုရှားသည် မြောက်ပင်လယ်လမ်းကြောင်းအတွက် ဒီဇိုင်းရေးဆွဲ ထားသော The Leader အမည်ရှိ နျူကလီးယားစွမ်းအင်သုံးရေခဲခွဲသင်္ဘောကြီးကို ဆောက်လုပ်ရန်ရှိနေသည်။ ရုရှားသမ္မတ ပူတင်၏အဆိုအရ The Leader ကို ၂၀၂၅ ခုနှစ်တွင် လက်လွှဲပြောင်းအသုံးပြုနိုင်လိမ့်မည်ဖြစ်သည်ဟု သိရသည်။

Credit : pyimyanmarnews
comment