ပရိသတ်က SMS နဲ့ မဲပေးနိုင်တဲ့စနစ် ထွန်းကားလာခဲ့ပြီးနောက် ရုပ်မြင်သံကြားအစီစဉ်တွေကနေ ထုတ်လွှင့်တင်ဆက်တဲ့ သီချင်းဆိုပြိုင်ပွဲအချို့မှာ ဖုန်းနံပါတ်တစ်ခုထဲကပင် SMS များ အကန့်သတ်မရှိပေးပို့နိုင်တာကြောင့် စီပွားရေးဆန်လွန်းတယ်၊ နောက်ဆုံးမှာ ပရိသတ်ဆီကငွေတွေ သဲ့ယူသွားတယ်လို့ ဝေဖန်ခံရသလို။ ဒီည စားစာရာမရှိရင်နေ SMS Vote ပေးဖို့ ဖုန်းကတ်ဖြည့်ရမယ် စည်ဖြင့် ဟာသကာတွန်းများလည်း ထွက်လာတာကိုလည်း တွေ့မြင်ခဲ့ရဖူးပါတယ်။
.
ဒါပေမယ့် The X Factor Myanmar ကတော့ တစ်ကယ်ကို လုံးဝ စီးပွားရေးမဆန်ပဲ သီဆိုယှဉ်ပြိုင်သူများကို မျှမျှတတ မြေတောင်မြှောက်ပေးတဲ့ အစီစဉ်တစ်ခုဖြစ်တာကို တွေ့မြင်ရပါတယ်။
.
SMS Voting စနစ်အနေနဲ့ 1 SIM = 1 Vote ဖြစ်လို့ ဖုန်းနံပါတ်(SIM Card)တစ်ခုကနေ မိမိတစ်ကယ်နှစ်သက်တဲ့ ပြိုင်ပွဲဝင် တစ်ဦးကို တစ်ကြိမ်သာ မဲပေးခွင့်ရှိပါတယ်။ ကိုယ်က တစ်သိန်းဖိုး ဝယ်ပြီး မဲပေးပေးမယ့် SMS တစ်ခုထဲကိုသာ အတည်ယူသွားမှာ ဖြစ်လို့ အားပေးကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့ ငွေကုန်ကြေးကျ များစရာမလိုသလို ကိုယ်တစ်ကယ် ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို ထိထိရောက်ရောက် အားပေးနိုင်ပါဖြစ်ပါတယ်။
.
SMS မဲပေးဖို့အတွက် 6666 (Telenor), 8606 (MPT), 6002 (Ooredoo) နံပါတ်များကို နှစ်သက်ရာ ပြိုင်ပွဲဝင်ရဲ့ ကုဒ်နံပါတ် တစ်ခုထဲကိုသာ ရိုက်ထည့်ပြီး ပေးပို့နိုင်ပါတယ်။
အွန်လိုင်းမှ မဲပေးလိုသူများအတွက် www.facebook.com/xfactormyanmar ကိုသွားပြီး အကောင့်တစ်ခုလျှင် 1 Vote အနေနဲ့ မဲပေးနိုင်မှာဖြစ်ပါတယ်။
.
The X Factor Myanmar Season 2 ရဲ့ အစမှာ ဒိုင်များရဲ့ ရွေးချယ်မှုအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် Top 12 အဆင့်အရောက်မှာတော့ ဒိုင်တွေရွေးချယ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်များအားလုံးဟာ အရည်အချင်းကိုယ်စီနဲ့ မတူညီတဲ့ အစွမ်းအစကိုယ်စီ ရှိသူများဖြစ်ကြတာကို တွေ့မြင်ရပါတယ်။ ဒါဟာ ကြိုတင်မမှန်းဆနိုင်တဲ့ ဒိုင်တွေရဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါလိမ့်မယ် ဒါပေမယ့် ဘယ်လောက်ပင် တော်စေဦးတော့ အဆင့် တစ်ဆင့်ချင်းစီမှာ ပြိုင်ပွဲဝင် တစ်ဦးစီ ထွက်ခွာသွားကြရမှာပဲ ဖြစ်ပါတယ်။
.
ဒီနေ့ညဟာတော့ တစ်ကယ်ရင်ခုန်စရာကောင်းတဲ့ The X Factor Myanmar Season 2 ရဲ့ ပထမဆုံး Live Show ညပဲဖြစ်ပါတယ်။ ယနေ့ည ပြိုင်ပွဲဝင်တွေအားလုံးဟာ အခုလောက်အဆင့်မှာတင် ပရိသတ်ကိုယ်စီရှိထားပြီးနှင့်သူများ ဖြစ်ပါတယ်။
ဒါကြောင့် ပထမဆုံး Live Show ညမှာ ဘယ်သူတွေက နောက်တစ်ဆင့်ကို တက်လှမ်းသွားပြီး ဘယ်သူက အိမ်အရင်ပြန်သွားရမလဲ..?
.
ဒိုင်လူကြီးတွေဖြစ်တဲ့ စည်သူလွင်၊ ငယ်ငယ်၊ ဇဝါ၊ ဇမ်နူး တို့ထဲက ဘယ်ဒိုင်လူကြီးမင်းရဲ့ အဖွဲ့ဝင် အရင်ဆုံး အိမ်ပြန်သွားရမလဲဆိုတာ ယနေ့ည ၇:၄၅ MRTV-4 ရုပ်သံလိုင်းနဲ့ အတူ The X Factor Myanmar Facebook Page မှာ တိုက်ရိုက်ထုတ်လွှင့်မှုကို အားပေးကြည့်ရှုလိုက်ရအောင်ပါ။