1. Home
  2. Special or Others

ဗီဇပြုပြင်ထားတဲ့ ဗလတောင့်ဝက်များ ဗီယက်နမ်ဖန်တီးမှု (ရုပ်သံ)

Special or Others ต.ค. 01, 2560 view 1,737

ဗီယက်နမ်နိုင်ငံ Banteay Meanchey တွင်အခြေစိုက်ထားသော ဝက်မွေးမြူရေးခြံတွင် ပြုပြင်ထားသော မျိုးရိုးဗီဇအသစ်ဖြင့် သားဖောက်ထားသော ကြွက်သားဗလတောင့်တင်းသည့် ဝက်များ၏ ပုံကို လူမှုကွန်ယက်တွင် ဖော်ပြခဲ့ရာ ကြည့်ရှုသူများ အထိတ်တလန့် ဖြစ်ခဲ့ကြရသည်။


သာမန်ဝက်များနှင့် မတူပဲ ကြွက်သားဗလတောင်တင်းသော ပုံသဏ္ဍန်ရှိနေသည့်အပြင် ဝက်ထီးများ၏ အင်္ဂါအစိန်ပိုင်းမှာ ပြူးပြဲငေါထွက်လျှက်ရှိသည်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ ကြွက်သားတွေရှိနေတဲ့အတွက် ဝက်များဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တာကို ဗီဒီယိုမှာ တွေ့ရပါတယ်။


ကမ္ဘာတစ်ဝှမ်းလုံက တိရိစ္ဆာန်ချစ်သူများက ဝက်တွေအပေါ်မှာ မျိုးရိုးဗီဇပြုပြင်မှု လုပ်ချင်သလို လုပ်ထားတဲ့အတွက် ဒေါသထွက်နေကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီကတော့ ဝက်တွေကို ဒီလိုပုံစံမျိုးဖြစ်အောင် ဖန်တီးမွေးမြူနိုင်လို့ ဂုဏ်ယူနေဟန်ရှိပါတယ်။ မျိုးရိုးဗီဇပြုပြင်တဲ့ ကရိယာတွေ ဝက်မျိုးပွားရည်တွေကို ရောင်းချရန် ဖော်ပြထားပါတယ်။


အဆိုပါဝက်တွေကို ရိုက်ပြထားတဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံတွေ ထွက်လာပြီးနောက်မှာတော့ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်မှုနဲ့ ဒီလူတွေကို အရေးယူသင့်တယ်လို့ အွန်လိုင်းပေါ်မှာ ပြင်ပြင်ထန်ထန် ဝေဖန်ထားကြပါတယ်။


ဝက်တွေကို အသားနှစ်ဆတိုးစေရန် ကြွက်သား ကြီးထွားအောင် ဗီဇပြုပြင်ခြင့်ဖြင့် ဈေးကွက်မှာ ပြိုင်ဆိုင်နိုင်မယ်လို့ ရည်ရွယ်ထားပုံရပါတယ်။ လက်ရှိမှာတော့ တရုပ်ပြည်က ကမ္ဘာမှာ ဝက်သားဈေးကွက် အကြီးဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေပါတယ်။
 



Follow us on