1. Home
  2. Myanmar News

Yangon Water Bus အာက်တိုဘာ(၇)ရက်နေ့တွင် စတင်ပြေးဆွဲမည်

Myanmar News ต.ค. 02, 2560 view 1,488

ဗိုလ်တထောင်နှင့် အင်းစိန်သို့ ပထမဆုံးခရီးစဉ်ပြေးဆွဲမည့် Yangon Water Bus ခရီးစဉ်ကို လာမည့် အောက်တိုဘာ (၆) ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ကာ (၇)ရက်နေ့မှ စတင်ပြေဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဖွင့်ပွဲအခမ်းအနားတွင်သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာနှင့် တပ်မတော် ရဲတပ်ဖွဲ့ဆိုင်ရာအဖွဲ့အစည်းများ KBZ Bankနှင့် ဧည့်သည်တော်များ သတင်းမီဒီယာများ အားလုံးကိုဖိတ်ကြားသည့်အပြင် နေ့စဉ်လိုက်ပါစီးနင်းမည့် ခရီးသည်များကို ဖွင့်ပွဲနေ့တွင် ကြာဆံချက်အလှူကိုလည်း စတုဒီသာအဖြစ်ကျွေးမွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။


အောက်တိုဘာ (၇) ရက်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး ဗိုလ်တထောင်နှင့် အင်းစိန်အောင်ဇေယျတံတားအောက်မှ စတင်ပြေးဆွဲမည်ဖြစ်သည်။ သင်္ဘောအချိန်ဇယားများကို ဆိပ်ကမ်းများတွင် ဖော်ပြထားပြီး စီးနင်းခအဖြစ် ၃၀၀ ကျပ် သတ်မှတ်ကာ ငွေပေးကတ် Anypay Card ကိုလည်း လက်မှတ်ဌါနတွင် ဝယ်ယူစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။




 



Follow us on