1. Home
  2. Special or Others

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှပါမောက္ခ VN Parthiban သည် နှစ် ၃၀ အတွင်း တက္ကသိုလ်ဘွဲ့ ၁၄၅ ခုရယူနိုင်ခဲ့

Special or Others ต.ค. 02, 2560 view 1,413

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့မှပါမောက္ခ VN Parthiban သည် နှစ် ၃၀ အတွင်း တက္ကသိုလ်ဘွဲ့ ၁၄၅ ခုရယူနိုင်ခဲ့ပြီး ဘွဲ့ များဆက်ယူသွားရန်လည်းစီစဉ်ထား သည်ဟု သိရသည်။ Parthiban သည် ပထမဆုံးဘွဲ့ယူ သည့်အချိန်တွင် စာမေးပွဲများနှင့်အလုပ် ကြားတွင် အချိန်ယူကာရုန်းကန်ခဲ့ရသည်။ ဘွဲ့တစ်ခုနှင့်တရားရေးရာဌာနတွင်အ လုပ်ရခဲ့သော်လည်း ဒုတိယဘွဲ့အတွက် ဆက်လက်ပညာလေ့လာဆည်းပူးခဲ့ပြီး ယခုအခါတွင် ဘွဲ့ပေါင်း ၁၄၅ ခုအထိပိုင် ဆိုင်ထားနိုင်ပြီဖြစ်သည်။ Parthibanက ''ပြီးခဲ့တဲ့နှစ် ၃၀ လုံး စာမေးပွဲတွေဖြေ လိုက်၊ဘွဲ့နောက်တစ်ခုအတွက်လျှောက် လွှာတွေတင်လိုက်နဲ့ပဲ အလုပ်ရှုပ်နေခဲ့ တာပါ''ဟု ဆိုခဲ့သည်။

Parthiban ၏ဘွဲ့ များထဲတွင် သိပ္ပံမဟာဘွဲ့သုံးခု၊ဥပဒေမ ဟာဘွဲ့ရှစ်ခု၊စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ကိုး ခု၊ဝိဇ္ဇာမဟာဘွဲ့ ၁၀ ခု၊သုတေသနဘွဲ့ ပေါင်း ၁၂ တို့အပါအဝင်ဖြစ်သည်။ Parthiban သည် စာများနှင့်အချက်အ လက်ပေါင်းများစွာကိုနှစ်ပေါင်းများစွာမှတ် ယူနိုင်ခဲ့သော်လည်း ယခုအခါ မိတ်ဆွေ အပေါင်းအသင်းများ၏မျက်နှာများကိုမ မှတ်သားနိုင်ခြင်းနှင့်သွားနေကျလမ်းများ ကိုမေ့လျော့ခြင်းတို့ဖြစ်ပေါ်လျက်ရှိသည်။

သို့တိုင်အောင် အသက် ၅၆ နှစ်အရွယ် ဏမေအ့ငဘညေ သည် တက္ကသိုလ်ပေါင်းများ စွာတွင် ဘာသာရပ်ပေါင်းများစွာကိုဆက် လက်လေ့လာနေဆဲဖြစ်သည်။ Parthiban၏ မိသားစုဝင်များမှာလည်း ပညာ ရေးကိုအားပေးသူများဖြစ်ပြီး ဇနီးသည် ကိုယ်တိုင်က ဘွဲ့ပေါင်းကိုးခုရထားသူဖြစ် သည်ဟု သိရသည်။

Credit : pyimyanmarnews



Follow us on