1. Home
  2. Special or Others

ထိုင်းနိုင်ငံ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားတဦး တံတားပေါ်ကနေ ခုန်ချသေကြောင်းကြံခဲ့တယ်

Special or Others ต.ค. 02, 2560 view 1,434

ထိုင်းနိုင်ငံ ဘန်ကောက်အနီး ပထုန်ဌာနီခရိုင်မှာ မနေ့မနက်ပိုင်းက မြန်မာနိုင်ငံသားတဦး တံတားပေါ်ကနေ ခုန်ချသေကြောင်းကြံခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက် ၉ နာရီလောက်က လူတဦးဟာ ပုထုန်ဌာနီ – ဘန်ကောက်သွားလမ်းမကြီး ချက်ပလက်ကားအရောင်းပြခန်းရှေ့က တံတားပေါ် ဖြတ်လျှောက် လာပြီး အမြင့်ပေ ၅ မီတာကနေ ခုန်ချကာ သူ့ကိုယ်သူသေကြောင်းကြံခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် နိုင်းဆီလုတ့် ကလုမ်းဖွန်းဝပ်ထနားက သတင်းထောက်တွေကို ပြောပါတယ်။

တံတားပေါ်ကနေ ခုန်ချသေကြောင်းကြံစည်သူမှာ အသက် ၃၀ နှစ်ရွယ် နိုင်ဖြိုး အမည်ရှိ မြန်မာတဦးဖြစ်ပြီး သူဟာ အဲဒီတံတားဘောင်ပေါ်ကနေ ခုန်ချမလို့ ဟန်ပြင်စဉ် အနီးနား ပတ်ဝန်းကျင်တ၀ိုက် လူတွေက အော်ဟစ်တားဆီးခဲ့ကြောင်း၊ ဒါပေမယ့် ၁၅ မိနစ်လောက် အကြာမှာ သူဟာ အောက်ကိုခုန်ချခဲ့ပြီး မေးရိုးကျိုးသွားသလို နားထဲကလည်း သွေးတွေထွက်လာတဲ့အတွက် ပထုန်ဌာနီဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့က ဆက်ပြောပါတယ်။

နိုင်ဖြိုးမှာ မြန်မာနိုင်ငံသားတဦးဖြစ်တယ်လို့ဘဲ သိရပြီး အဲဒီအနီးနားကလူတွေလည်း သူ့ကို တခါမှ မမြင်ဖူးကြကြောင်း၊ သူ့ကိုယ်သူ သေကြောင်းကြံရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးသလို လောလောဆယ်တာဝန်ရှိသူတွေက သူ့ရဲ့အသိ ဆွေမျိုးနီးစပ်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေတယ်လို့ နိုင်းဆီလုတ့်က သတင်းထောက်တွေကို ပြော သွားပါတယ်။

Credit : burmese.dvb.no



Follow us on