1. Home
  2. Special or Others

အမျိုးသမီးတွေကို အရှက်ရစေတဲ့ စစ်ရေးလေ့ကျင့်မှု ဗီဒီယို

Special or Others ต.ค. 09, 2560 view 1,802

တရုပ်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ စစ်ရေးလေ့ကျင့်တဲ့ ဗီဒီယိုတစ်ခုဟာ လတ်တလော ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။ အွန်လိုင်းအသုံးပြုသူတွေက အဆိုပါဗီဒီယိုနဲ့ပက်သက်ပြီး မေးခွန်းထုတ်လျှက်ရှိပါတယ်။

ဗီဒီယိုထဲမှာ စစ်ဝတ်စုံဝတ်ဆင်ထားတဲ့ ဆယ်ကျော်သက် အမျိုးသမီးစစ်သမီးတွေက မြေပြင်ပေါ်မှာ ပက်လက်အနေအထားလဲလျောင်းနေပြီး သူတို့ရဲ့ အပေါ်ကနေ စစ်ဝတ်စုံနဲ့ လူငယ်ကောင်လေးများက ခွထားလျှက် ဒိုက်ထိုးလေ့ကျင့်ခန်း ပြုလုပ်နေတာဖြစ်ပါတယ်။ မိန်းကလေးများက ရှက်လွန်းသဖြင့် သူတို့ရဲ့ မျက်နှာတွေကို ကွယ်ထားတာတွေ့ခဲ့ရပါတယ်။


ဒီဗီဒီယိုဟာ ဘယ်စစ်လေ့ကျင့်ရေးစခန်းမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ တိတိကျကျပြောနိုင်ခြင်းမရှိပါဘူး။ တရုပ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ စာသင်နှစ်တစ်နှစ်ရဲ့အစမှာ ဒီလိုစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ရပါတယ်။


အဆိုပါ လေ့ကျင့်ရေးလုပ်ရတာနဲ့ ပက်သက်ပြီး ကျောင်းသားတွေက ဒီသင်တန်းတွေဟာ ဘာမှအသုံးမဝင်ဘူးလို့ ဝေဖန်နေခဲ့တာ နှစ်ပေါင်းကြာခဲ့ပြီဖြစ်ပေမယ့် တရုပ်ပြည်မှာတော့ စစ်သင်တန်းတွေ တက်နေရတုန်းဖြစ်ပါတယ်။
 



Follow us on