1. Home
  2. Movie Stars - Celebrity

သီချင်းပုံစံတစ်မျိုးတည်း ဖန်တီးသွားမှာမဟုတ်တဲ့ မေရီ “Mary”

Movie Stars - Celebrity ต.ค. 09, 2560 view 1,610

‘ဝဲ’ ဆိုတဲ့သီချင်းနဲ့ အွန်လိုင်းကတစ်ဆင့် ပရိတ်ကြား လူသိများလာတဲ့ အဆိုတော်မလေး မေရီက Bella BELLA ရဲ့ အလှကုန် ပစ္စည်းတစ်ခုဖြစ်တဲ့ “Hearty Hearty” ကြော်ငြာကို ပါဝင်သရုပ်ဆောင်နေပါတယ်။

“ဒီကြော်ငြာက ညီမရဲ့ ပထမဆုံကြော်ငြာပါပဲ၊ ကမ်းလှမ်းလာတဲ့အချိန်မှာလည်း အားလုံးက အဆိုတော်ညီမတွေပဲဖြစ်တာကြောင့် အဆင်ပြေပါတယ်” ။

သူမရဲ့ပထမဆုံးကြော်ငြာအကြောင်းပြောပါတယ်။မေရီက အောက်တိုဘာလ ၃ရက်နေ့က ကျားပေါက်နဲ့ အတူတွဲဖက်ပြီ Accident ဆိုတဲ့သီချင်းသစ်တစ်ပုဒ်ကိုအွန်လိုင်းက တစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။ဒီသီချင်းဖန်ဖြစ်ပုံကို မေရီက “ကိုကျားပေါက်နဲ့က သူငယ်ချင်းတစ်ယောက်မိတ်ဆက်ပေးလို့ ခင်သွားတယ်။ ညီမတို့ နှစ်ယောက်ပေါင်းပြီးတော့ ဒီ Accident သီချင်းလေးကို နှစ်ယောက်တွဲဆိုဖြစ်တယ်။ အဓီက ကတော့ ကိုယ်အရမ်းလေးစားအားကျခဲ့တဲ့အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရတဲ့အတွက်ဝမ်းသာပါတယ်” လို့မေရီ ကပြောပါတယ်။

ညီမအနေနဲ့တစ်ကိုယ်တော် စီးရီးခွေထွက်ရှိဖို့တော့ ရှိပါတယ်။ဒီကြားထဲမှာတော့ ကျောင်းကလည်းရှိသေးတော့ ကျောင်းပြီမှပဲထွက်ဖြစ်မယ် ထင်ပါတယ်။ကျောင်းပြီးရင်တော့ဒီမှာပဲပြန်အချေ နေဖြစ်မှာပါ လို့ မေရီ ကပြောပါတယ်။

Soure: Popular



Follow us on