1. Home
  2. Myanmar News

မြန်မာနဲ့ နိုင်ငံတကာကုမဏီကနေ တိုက်ရိုက်အလုပ်ခေါ်မယ့် အလုပ်အကိုင်ပြပွဲ

Myanmar News ต.ค. 09, 2560 view 1,448

မြန်မာနဲ့ နိုင်ငံတကာကုမဏီကနေ တိုက်ရိုက်အလုပ်ခေါ်မယ့် အလုပ်အကိုင်ပြပွဲကို အခုလ ၂၉ ရက် မနက် ၉းဝ၀ နာရီကနေ ညနေ ၅းဝ၀ နာ ရီအတွင်း မန္တလေးဘူတာကြီးအ ပေါ်ထပ်ရှိ ဟိုတယ်မာဘယ်လ်မှာ ပြုလုပ်မှာပါ။ သည်ပြပွဲမှာ စာရင်းကိုင်၊ ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ Customer Support ၊ အရောင်းနဲ့ Marketing ၊ နည်းပညာရှင်နဲ့ IT ကျွမ်းကျင်လုပ်သား၊ လူ့စွမ်းအားအရင်းအမြစ်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်တွေခေါ်ယူမယ့် ကုမဏီ တွေ ပါဝင်မှာ ဖြစ်ပါတယ်။

သည်ပြပွဲမှာ အလုပ်အကိုင် ရှာဖွေနေသူတွေက တိုက်ရိုက်အလုပ်လျှောက်ထားနိုင်မှာပါ။ အလုပ်ခေါ်ယူလိုတဲ့ကုမဏီတွေက ချက်ချင်းအင်တာဗျူးပြီး အလုပ်ခန့်အပ်မှာဖြစ်ပါတယ်။ ရန်ကုန် ဒါမှမဟုတ် မန္တလေးမြို့မှာ အလုပ်လုပ်ချင်သူတွေအတွက် သည်ပြပွဲမှာ လာရောက်စာရင်းသွင်းနိုင်သလို JobNet.com. mm မှာ ဝင်ရောက်ပြီး CV ဖြည့်သွင်းထားရင် အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ အီးမေးလ်တွေ ပေးပို့မှာ ဖြစ်ပါတယ်။ သည်ပြပွဲမှာ ပါဝင်လိုတဲ့ ကုမဏီတွေအနေနဲ့ sales@jobnet. com.mm ဒါမှမဟုတ် ဝ၉ ၉၅၄၄ ၅၉၁ (၇၇-၇၉) ကို ဆက်သွယ်နိုင်ပါတယ်။

Credit … kumudranews



Follow us on