1. Home
  2. Special or Others

ဟိုတယ်အခန်းခမရှင်းနိုင်လို့ ဖုန်းကြိုးတန်းပေါ်မှ လမ်းလျှောက် ထွက်ပြေးသူ ရုပ်သံ

Special or Others ต.ค. 09, 2560 view 1,464

အထပ်မြင့်ဟိုတယ်တစ်ခုတွင် တည်းခိုပြီးနောက် အခန်းခ မရှင်းလိုသော အမျိုးသားတစ်ဦးက သူတည်းခိုနေရာ အခန်းကနေ အခြားလမ်းတစ်ဖက်ရှိ အဆောက်အဦးသို့ သွယ်တန်းထားသော တယ်လီဖုန်းကြိုးတန်းကို အသုံးပြု၍ ထွက်ပြေးရန် ကြိုးစားခဲ့ရာ လမ်းတစ်ဝက်တွင် ဒုက္ခရောက်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များ ကယ်ဆယ်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်မှာ တရုပ်နိုင်ငံ ပန်ကျိုးမြို့တွင် စက်တင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး ၁၉ ထပ်အမြင့်ခန့်ရှိသော နေရာရှိ တယ်လီဖုန်းကြိုးတန်းပေါ်တွင် အမျိုးသားတစ်ဦးက ဓါတ်ကြိုးကို တွယ်ပြီး လမ်မကြီးတစ်ဖက်ရှိ တိုက်သို့ ကူးနေပုံကို မြင်ကြရသူတိုင်း အထိတ်တလန့်ဖြစ်ခဲ့ရသည်။

မကျွမ်းကျင်မှုကြောင့် နောက်ဆုံးလမ်းတစ်ဝက်တွင် တိုးလို့တွဲလောင်း ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် မီးသတ်သမားများ လာရောက်ကယ်ဆယ်၍ အသက်ချမ်းသာရာရခဲ့သည်။ ထိုသူမှာ အနီးနားရှိ လျှပ်စစ်ဓါတ်အားပြင်းသည့် ဓါတ်ကြိုးဖြင့်မငြိ၊ ကားလမ်းမပေါ် မပြုတ်ကျခဲ့သဖြင့် အလွန်ကံကောင်းတယ်လို့ မီးသတ်သမားများက မှတ်ချက်ချခဲ့ကြသည်။

အခန်းခမရှင်းနိုင်၍ ထွက်ပြေးသည်လား စတန့်ထွင်ပြီး ကြိုးတန်းလမ်းလျှောက်တာလာဟု ရေရာစွာမပြောနိုင်သော်လည်း သက်ဆိုင်ရာက ထိုသူအား ဖမ်းဆီးသွားခဲ့သည်။
 



Follow us on