1. Home
  2. Special or Others

အီဂျစ်သမိုင်းထဲက တူတန်ခမန် ရဲ့ ဂူသင်္ချိုင်း

Special or Others ต.ค. 09, 2560 view 2,545

ဘီစီ ၁၃၃၆ ခုနှစ်(လွန်ခဲ့သောနှစ်ပေါင်း ၃၃၅၀) က အီဂျစ်နိုင်ငံ ဖာရိုမင်းဆက်မှာ တူတန်ခမန်လို့ အမည်ရတဲ့ ဘုရင်လေး နန်းတက်တယ်။ နန်းတက်တော့ ကလေး အရွယ်ပါ။သူဟာ အသက် ၁၈ နှစ်မှာ သေဆုံးခဲ့တယ်။ ဖာရိုမင်းဆက်တို့ ထုံးစံအတိုင်း အလောင်းကို ဆေးစိမ်ကျပ်စည်းကာ မံမီပြုလုပ်ပြီး အဖိုးတန်ရတနာတွေ၊အသုံးအဆောင်တွေနဲ့တစ်ကွ ပိရမစ်ထဲမှာ မြှုပ်နှံခဲ့တယ်။ နှစ်ပေါင်းများစွာကြာလို့ခေတ်အဆက် ဆက်ဖြတ်သန်းပြီးနောက် သူ့သင်္ချိုင်းဂူလဲပျောက်ဆုံးခဲ့တယ်။သူတို့အကြောင်းအရာတွေဟာလဲ ပါးစပ်ရာဇဝင်လောက်ပဲရှိတယ်။ တူတန်ခမန်ဘုရင် နတ်ရွာစံပြီးနောက် နှစ်ပေါင်း ၃၀၀၀ ခန့် အကြာ ၁၉၂၂ ခုနှစ်မှာတော့ ပျောက်ဆုံးနေသော ဒီသင်္ချိုင်း ဂူဗိမာန်ကို ဇွဲနပဲဖြင့် ရှာဖွေမည့် ပုဂ္ဂိုလ်တစ်ဦးပေါ်ပေါက်လာပါတယ် ။ သူ၏အမည်မှာ ဟောင်းဝပ်ကာတာ ဖြစ်ပြီး ရှေးဟောင်း သုတေသန ပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ သူနဲ့အဖွဲ့ဟာ နိုင်းလ်မြစ်အနီးတောင်ကြားဒေသမှာ တူတန်ခမန် ဘုရင်၏ သင်္ချိုင်းဂူဗိမာန်ကို နှစ်ပေါင်းအတော်ကြာအောင် အပင်ပန်းခံရှာဖွေခဲ့ကြပါတယ် ။

ခြောက်နှစ်ကြာမျှ အခက်အခဲ အမျိုးမျိုးကြားမှ ရှာဖွေတူးဖော်ပါသော်လည်း ထူးခြားမှု မတွေ့၍ နောက်ဆုံးအကြိမ်အဖြစ် ရှာဖွေတူးဖော်ရာ ကျောက်နံရံတွင် သွင်းထားသော လှေကား၁၆ထစ်ကိုတွေ့ရှိကြရပါတယ် ။ ထိုလှေကားထစ်များအတိုင်းဆင်း၍ လိုက်သွားကြပြီး နောက်ဆုံးအထစ်အရောက်တွင် တံခါးတစ်ခုကို တွေ့ရပြန်ပါတယ် ။ ဤတံခါးကို ဖွင့်လိုက်လျှင် ဘာတွေတွေ့ရှိကြရမည်နည်း ။ ချိတ်ပိတ်ထားသော ထိုတံခါးကို ဖွင့်လိုက်ကြရာ အခန်းတစ်ခန်း၏ အတွင်း၌ ချိတ်ပိတ်ထားသည့် တံခါးတစ်ခုကို နံရံတစ်နေရာတွင် ထပ်မံတွေ့ရှိကြရပြန်ပါတယ် ။ ထိုတံခါးကို ဖွင့်လိုက်သောအခါ အဖိုးတန်ရတနာများ နှင့် ထူးဆန်းလှသည့် မြင်ကွင်းနှင့်အတူ သူတို့ရှာနေတဲ့ တူတန်ခမန် သချုင်္ိင်းကိုတွေ့လိုက်ရပါတယ်။ ဂူသင်္ချိုင်းရဲ့အဝင်ဝ ရွံစေးပြားပေါ်မှာ... " ဖာရိုဘုရင်တို့၏ ဆိတ်ငြိမ်းချမ်းမှုကို နှောင့်ယှက်သူ မည်သူမဆို သေမင်းသည် သူ၏ တောင်ပံများဖြင့် သေစေလိမ့်မည် '' ဟု ကျိန်စာများရေးသားထားခဲ့ပါတယ်။

ဂူသင်္ချိုင်းကို ဖွင့်လို့အထဲက မြင်ကွင်းတွေ ကိုစတင်မြင်လိုက်ချိန်မှာ အားလုံးအံ့သြတကြီးဖြစ်သွားကြတယ်။ရှာတွေ့ပြီးသမျှ ပိရမစ်ဂူသင်္ချိုင်းတွေထဲမှာ ဒီဂူကတော့ အဖိုးတန်ရတနာတွေ အများဆုံးတွေ့ရတဲ့ဂူပါပဲ။ ထူးဆန်းတာတစ်ခုက ဟောင်းဝပ်ကာတာ က တူတန်ခမန်ဘုရင်လေး၏ ဂူသင်္ချိုင်းကို တူးဖော်နေစဉ်က လက်စွပ်တစ်ကွင်းကို ဝတ်ဆင်ထားခဲ့ပါတယ်။ အဲ့လက်စွပ်ဟာ အီဂျစ်ပြည် ဂင်ဇာအရပ်ရှိ ဘုရင်များတောင်ကြားမှာရှိတဲ့ ဂူသင်္ချိုင်းမှာ မားကွတ်ဇ်ဒီအာဂိန်း ဆိုတဲ့သူက တွေ့ရှိခဲ့တဲ့ လက်စွပ်ပါ။ လက်စွပ်ကို နည်းပညာအမျိုးမျိုးနဲ့ စမ်းသပ်တဲ့အခါမှာ လက်စွပ်ဝန်းကျင်မှာ သံလိုက်စက်ကွင်းတွေရှိတာ ရောဂါတွေကို ပျောက်ကင်းနိုင်တာအပြင် တခြားထူးခြားမှုတွေလည်း တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလက်စွပ်ကြောင့် ဟောင်းဝပ်က ကျိန်စာမသင့်ခဲ့တာလား... တစ်ခြားသေဆုံးတဲ့ သူတွေကရော ကျိန်စာသင့်ပြီးသေဆုံးတာလား... တိုက်ဆိုင်မှုလားဆိုတာကိုတော့ ယနေ့အထိ အဖြေရှာမရသေးပါဘူး။

အဲ့ဒါတွေထက် ပိုအံ့သြစရာကတော့... ဂူထဲမှာ အလွန်လက်ရာမြောက်တဲ့ ကျောက်ခေါင်းတလားစတွေ့တယ်။အဲ့ဒိထဲမှာမှ ရွှေနဲ့လုပ်ထားတဲ့ ခေါင်းတလား ၃ ခုကိုထပ် လျက်တွေ့တယ်။ နောက်ဆုံးခေါင်းတလားထဲမှာမှ ဘုရင်လေးရဲ့ မံမီရုပ်အလောင်းကို အလွန်လက်ရာမြောက်သော ရွှေအတိမျက်နှာဖုံးနှင့်တစ်ကွ တွေ့ရှိခဲ့တယ်...ဂူသင်္ချိုင်းထဲကတွေ့တဲ့...ကျောက်ခေါင်းတလား၊မျက်နှာဖုံး၊မံမီရုပ်အလောင်း...အတူထည့်မြှုပ်နှံခဲ့တဲ့ အသုံးအဆောင်တွေ အဖြစ် လက်ရာလှပလွန်းတဲ့ ကုလားထိုင်နဲ့ တစ်ခြားအသုံးအဆောင်တွေ ကြည့်ခြင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀ လောက် က အီဂျစ်တို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်း လူနေမှုအဆင့်အတန်း အတော်မြင့်မားနေတာကို တွေ့ရှိရပါတယ်။

သချိုင်းဂူကို ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေအတိနဲ့လုပ်ထားတဲ့ အခေါင်း၊ ဘုရင်ကြီးရဲ့ မျက်နှာမှာ တပ်ထားတဲ့ မျက်နှာဖုံး၊ အစားအသောက်တွေ၊ ဝိုင်တွေ၊ လေးနဲ့မြှားတွေ၊ ခြေနင်းဖိနပ်တွေ၊ ပြီးတော့ အသစ်အတိုင်းရှိနေသေးမြဲဖြစ်တဲ့ အတွင်းဝတ်အကျီတွေ အပါအဝင် ပစ္စည်းပေါင်း ၅၃၉၈ မျိုးနဲ့အတူ ဖော်ထုတ်နိုင်ခဲ့ကြတယ်။ သူရဲ့ ဂူသင်္ချိုင်းကို တူးဖော်သူတွေဟာ အကြောင်းပြချက်ရှာ မရပဲ နည်းမျိုးစုံနဲ့ သေကုန်ကြပါတယ်။ အဲ့ဒီ တူးဖော်ရေးမှာ ခေါင်းဆောင်တဲ့ ဟောင်းဝပ်ကာတာ တစ်ယောက်သာ ဘာကျိန်စာမှ မသင့်ခဲ့ဘဲ အသက်ကြီးတဲ့ အထိ နေထိုင်ခဲ့ရပါတယ်။

Credit … Knowledge



Follow us on