1. Home
  2. Myanmar News

ကားဈေးကွက် အရောင်းအဝယ်အေးသော်လည်း ကားဈေးမြင့်တက်

Myanmar News ต.ค. 10, 2560 view 1,648

ပြောင်းလဲလာမည့် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒတွင် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဟုခန့်မှန်းသတင်းများကြောင့် အခုရက်ပိုင်းအတွင်း ကားဈေး မြင့်တက်လာကြောင်း သိရှိရသည်။

လူကြိုက်များသော Honda Fit အပါအဝင် အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများ ဈေးနှုန်း ကျပ် ၁၀ သိန်းခန့်မြင့်တက်လာသလို လုပ်ငန်းသုံး ထရပ်ကားများမှာလည်း အမြင့်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရသည်။ ဂျပန်လေလံဈေးကျနေသော်လည်း လက်ရှိမူဝါဒအရ လုပ်ငန်းသုံးကားများကို ကုမ္ပဏီတစ်ခုလျှင် တစ်လတစ်စီးသာ တင်သွင်းခွင့်ပြုတော့သည့်အတွက် ဈေးကွက်အတွင်း အမြင့်ဈေးပေါက်နေသည်။

ကားတင်သွင်းမှု မူဝါဒသစ် ထွက်မလာနိုင်သေးသဖြင့် ကားဈေးနှုန်းမြင့်တက်လာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်မရှိသလောက် အေးနေသလို စလစ်ဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းနေကြောင်း ကားဝယ်ရောင်းလောကမှ သိရှိရသည်။

ကိုးကား - The Voice

 



Follow us on