1. Home
  2. Movie Stars - Celebrity

ရိုးသားတဲ့ အိမ်အကူကြောင့် သိန်းခြောက်ဆယ်ကျော်ဖိုးပစ္စည်းတွေ ပြန်ရခဲ့တဲ့ခင်သဇင်

Movie Stars - Celebrity ต.ค. 10, 2560 view 1,513

သူငှေး သူငယ်ချင်းဆိုသူတွေကသိန်းကို ဆယ်နဲ့ချီ ခိုးတာကြုံခဲ့ဖူးပါတယ် ဒါပေမယ့် အခုတခေါက်တော့  

ရိုးသားတဲ့ အိမ်အကူကြောင့် သိန်းခြောက်ဆယ်ကျော်ဖိုးပစ္စည်းတွေ ပြန်ရခဲ့တယ်လို့ သရုပ်ဆောင် ခင်သဇင်က သူမရဲ့ အကောင့်မှာ  အောက်တိုဘာလ ၁၀ ရက်နေ့ကရေးသားထားပါတယ် 

"သုဝဏ္ဏ က သုခိတာလမ်း မအိ လို့ ရှုတင် အခေါ်ရတဲ့ သုံးထပ်အိမ်မှာ ကျန်ခဲ့တဲ့ မနေ့က Gucci အိတ်တစ်လုံး ၊ အထဲမှာ Chanel card holder အိတ်အသေးတစ်လုံး Dior မျက်မှန် တစ်လုံး နဲ့ တခြား ရေမွှေးနဲ့ အသုံးအဆောင်တွေ ပါပါတယ်။ဒီနေ့ မနက် ဘာတခုမှ မပျောက်ပဲ ပြန်ရခဲ့တယ်။ဒီမနက်ရှုတင် လာတော့မှ အိတ်မရှိမှန်းသိပြီး ကိုယ့်ကားကိုတွေ့တာနဲ့ ညီမလေး နင့်အိတ်ကျန်ခဲ့တယ်လို့ တန်းပြောပါတယ်။ဘာမှတောင် မေးစရာမလိုပါဘူး။ဘယ်သူတွေ့တာလဲလို့ မေးတော့ အဲဒီအိမ်က အိမ်အကူကလေးတွေ တွေ့တာပါတဲ့။စိတ်ဓာတ်တွေကို အရမ်းလေးစားသွားမိတယ်။သိန်း 60ကျော် နီးပါးရှိတဲ့ တန်ဖိုးတခုကို ဒီလို လွယ်လွယ်ကူကူပြန်ရမယ်လို့တော့ ထင်မထားတာအမှန်ပဲ။အဲဒါနဲ့ ဒီအိမ်မှာ အိမ်အကူ ဘယ်နှစ်ယောက်ရှိလဲ ဆိုပြီး မေးတော့ ၅ ယောက်ရှိပါတယ်တဲ့ ။ဒါနဲ့ ရှုတင်ဆိုတော့ ပိုက်ဆံကလည်း အများကြီး ပါမလာတာ့ ပါလာသမျှပိုက်ဆံတွေကို ထိုး ပေးထားခဲ့လိုက်တယ်။ကားထွက်မယ်လုပ်တော့ သူတို့ မယူပါဘူးတဲ့။ပေးချင်ရင် တစ်ယောက် ၅၀၀၀ လောက်ပဲ ပေးပါတဲ့။လေးစားပြီးရင်း လေးစားရပါတယ်။တခါတလေ ဆင်းရဲသားစိတ်ဓာတ်ကသူဌေးတစ်ယောက် စိတ်ဓာတ်ထက် အများကြီး သန့်ရှင်းနေတယ် ဆိုတာသိလိုက်ရတယ်။ဘာလို့လဲ ဆိုတော့ ကျွန်မ အရင်က သူဌေး သူငယ်ချင်းဆိုသူတွေက ကျွန်မ ဆီက သိန်းကို ဆယ်နဲ့ချီ ခိုးတာ ခဏ ခဏ ခံရဖူးလို့ပါပဲ"လို့ဆိုပြီး ရေးသားထားခဲ့ ပါတယ် ။

 

 

Credit: khinthazin 



Follow us on