1. Home
  2. Myanmar News

ကမ်းနားလမ်းညဈေး ရက် ၂၀ ကျော်ဆိုင်မထွက်သူများ ဈေးရောင်းခွင့်ပြန်သိမ်းမည်

Myanmar News ต.ค. 11, 2560 view 1,487

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ စီစဉ်ပေးထားသော ကမ်းနားလမ်းညဈေးတွင် ရက် ၂၀ ကျော် ဈေးရောင်းချခြင်းမရှိသည့် ဈေးသည်မျာအား ထုတ်ပေးထားသည့် ဈေးရောင်းချခွင့်ကတ်ပြား ပြန်သိမ်းမည်ဖြစ်ကြောင်း သိရှိရသည်။

ညဈေးတန်းတွင် လူအရောက်အပေါက်နည်းသဖြင့် အချို့ဈေးသည်များမှာ အခွန်ဆောင်ပြီး ဈေးဆိုင်မဖွင့်သူများရှိလာသဖြင့် စည်ပင်အနေနဲ့ အဆိုပါဆိုင်များကို ဈေးရောင်းချခွင့် ပြန်သိမ်းပြီး အခြားဆိုင်အသစ်များနှင့် အစားထိုးလဲလှယ်သွားရန် အစီအစဉ်ရှိကြောင်း အနောက်ပိုင်းခရိုင် ဈေးများဌါနမှ ခရိုင်မှူးဦးမောင်မောင်ဌေးက ပြောကြားခဲ့သည်။

မိုးရာသီတွင် ဈေးသည်များ ဈေးရောင်းမကောင်းကြသည့်အတွက် အချို့ဈေးသည်များ အရင်းပြုတ်ပြီး ဈေးပြန်မထွက်နိုင်သည့် အခြေနေများလည်းရှိကြောင်း ညဈေးတန်းတွင် ဈေးရောင်းချနေသူတစ်ဦးက ပြောကြားသည်။

လသာမြို့နယ်အနီးတစ်ဝိုက် ညဈေးတန်းမှာ လူနေရပ်ကွက်နှင့် နီးသည့်အတွက် အရောင်းအဝယ်အသင့်အတင့် ရှိသော်လည်း ညဈေးတန်း၏ အခြားနေရာများမှာ အရောင်းအားနည်းနေကြောင်း သိရှိရသည်။
ယခုပွင့်လင်းရာသီတွင်လည်း ညဈေးတန်းစည်ကားလာရေးအတွက် အစီစဉ်များ ပြုလုပ်ရန်မရှိကြောင်း စည်ပင်ဌါနမှ သိရှိရသည်။

သတင်း - ဒီမိုကရေစီတူဒေး
 



Follow us on