1. Home
  2. Myanmar News

တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမ

Myanmar News ต.ค. 11, 2560 view 2,087

ကချင်ပြည်နယ် မိုးကောင်းမြို့ ရှစ်မိုင်လမ်းဆုံတွင် အောက်တိုဘာ ၁၀ရက်မွန်းလွဲ ၁နာရီက တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ်နိုင်ထွန်းဦး ဦးစီးအဖွဲ့သည် ရှစ်မိုင်လမ်းဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်စဉ် ဖားကန့်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စောထွေး(၃၉)နှစ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် နေထိုင်သူ မောင်းနှင်လာသည့် AD VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်၏နောက်ထိုင်ခုံအောက်တွင် အံဝှက်ပြုလုပ်ပြီး ထည့်ထားသော ကျောက်စိမ်းအရွယ်စုံ(၅၄)တုံး အလေးချိန် ၁၀၇ ပိဿာအား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စောထွေးအား မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၁၂၀/၂၀၁၇၊ကျောက်မျက် ၄၂(က)ဖြင့် အရေးယူထားကြောင်း သိရသည်။


သတင်း - ဝင်းနိုင်(ကချင်မြေ)

 



Follow us on