1. Home
  2. Good Morning Myanmar

Yangon Water Bus တတိယနေ့ ပြေးဆွဲမှုမြင်ကွင်း

Good Morning Myanmar ต.ค. 11, 2560 view 1,428

အောက်တိုဘာ(၇)ရက်က Yangon Water Bus ပြေးဆွဲမှုတတိယနေ့မှာတော့ ရုံးဖွင့်ရက် လည်းဖြစ်လို့ မနက်အစောပိုင်းမှာ စီးနှင်းမှုများပြားတာတွေ့ရပါတယ်။ ရုံးပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက်ပိုင်းကတည်းက မိသားစုအလိုက် ဘုရားဖူးလာကြတဲ့သူတွေနဲ့ အလည်အပတ် အပျော်စီးကြတဲ့သူတွေလည်းရှိပါတယ်။

ရုံးဖွင့်ရက်မှာတော့ ရေယာဉ်စီးနင်းမှုဟာ မနက်ပိုင်းရုံးတက်ချိန်တွေမှာသာ အများအပြားစီးနင်းကြပြီး နေ့လည်ပိုင်းအချိန်တွေမှာတော့ ခရီးစဉ်အချိန်သိရှိလိုသူတွေနဲ့အလည် အပတ်မျှသာစီးနင်းကြတာဖြစ်ပါတယ်။ခရီးသည်တွေအနေနဲ့လည်း ရေကြောင်းလမ်းမှာ အခုလိုပြေးဆွဲပေးတဲ့အတွက် ယာဉ်ကြောကြပ်တည်းမှုလည်း ဖြေလျော့နိုင်သလို စောင့်ဆိုင်းရတဲ့ အချိန်နဲ့စီးနင်းရတဲ့အချိန်လည်းတူညီတယ်လို့ ပြောကြပါတယ်။

Yangon Water Bus ပြေးဆွဲပေးမှုဟာ မနက်(၆)နာရီကျော်ကနေ ည(၇)နာရီခွဲ အထိ ဂျူတီ(၂)ဆိုင်းခွဲပြီး ရေယာဉ်၅စီးနဲ့ကနဦးပြေးဆွဲပေးနေတာဖြစ်ပါတယ်။ဒီလိုပြေးဆွဲပေးရာမှာ ရေယာဉ်ပေါ်ရှိ ၀န်ထမ်းတွေဟာ ခရီးသည်တွေအန်္တရာယ်ကင်းဖို့အတွက် ဆိပ်ခံတံတားတစ်ခု မရောက်ခင်ကြိုတင်ပြီး ဆင်းမယ့်သူအရေအတွက်ကို အကြောင်းကြားရတာဖြစ်ပြီး ရေယာဉ်ပေါ် မှာတော့ လူဦးရေကို ထိုင်ခုံအပြည့်သာ တင်ဆောင်ပြေးဆွဲတာဖြစ်ပြီးထိုင်ခုံပြည့်သွားပါက နောက်ရေယာဉ်တစ်စီးကိုသာ ထပ်မံစောင့်ဆိုင်းစီးနင်းရတာလည်းဖြစ်ပါတယ်။

Yangon Water Bus ပေါ်မှာ စီးနင်းတဲ့ခရီးသည်တွေအတွက် လက်ရှိမှာတော့ ရေယာဉ်ပေါ်မှာ ရေသန့်ဗူးသာရောင်းချပေးနေပြီး နောက်ပိုင်းမှာတော့ အစားအသောက်အနေနဲ့ မနက်စာကို ကော်ဖီနဲ့နေ့လည်စာအတွက် ထမင်းဗူး(၁)ဗူးကို (၄၀၀)ကျပ်နှုန်းနဲ့ရောင်းချဖို့အတွက် စီစဉ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။

 

 



Follow us on