1. Home
  2. Good Morning Myanmar

ဘာသာရေးပဋိပက္ခမဖြစ်ပွားရန် အကြမ်းဖက်အဖြစ် သံသယရှိသူများကို မလေးရှားဖမ်းဆီး

Good Morning Myanmar ต.ค. 11, 2560 view 1,441

မလေးရှားနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတယ်လို့ မသင်္ကာသူတွေကို အောက်တိုဘာလ ပထမသီတင်းပတ်မှာ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရတဲ့အကြောင်းရင်းဟာ မလေးရှား နိုင်ငံမှာနေထိုင်တဲ့ လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံပြည်သူတွေကို စိုးရိမ်စိတ်တွေနဲ့ကြောက်စိတ်တွေ ဖြစ်စေနေတဲ့အတွက်ဖြစ်တယ်လို့ မလေးရှားဒုတိယ၀န်ကြီးချုပ် ဒေါက်တာအာမက် ဇာဟစ် ဟာမီဒီကပြောပါတယ်။

မလေးရှားနိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်မရှိဘူးလို့ ပုံဖော်နေတဲ့ အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ကန့်သတ်ဖို့ရည်ရွယ်ပြီး ဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့လည်း သူက ပြောပါတယ်။ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးသွားမှာဖြစ်ပြီး ဒါဟာ နိုင်ငံတွင်းဘာသာရေးသဟဇာတဖြစ်ဖို့လို့လည်း ရည်ရွယ်တယ်လို့ သူကပြောပါတယ်။မလေးရှား ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့ အကြမ်းဖက်မှုပါဝင်နေတဲ့ မင်္သကာသူ(၈)ဦးဟာ အဘူဆေယက်ဖ် စစ်သွေးကြွတွေကို မလေးရှားနိုင်ငံအတွင်းသွားလာနိုင်စေဖို့(၂၀၁၅)ခုနှစ်ကတည်းက စီစဉ်ပေးနေ တယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။

ဒါ့ပြင် ဖမ်းဆီးခံမသင်္ကာသူတွေဟာ ဘာသာရေးပဋိပက္ခတွေဖြစ်လာစေဖို့ မလေးရှားအကျဉ်းထောင်တွင်းက ထောင်သားတွေကိုစည်းရုံးပြီး ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။



Follow us on