1. Home
  2. Myanmar News

ထိုင်းနိုင်ငံ အုန်းသီးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅၀ ကျော် အခက်ခဲများဖြစ်

Myanmar News ต.ค. 12, 2560 view 1,807

ထိုင်းနိုင်ငံ စမွတ်ပါကန်မြို့နယ် အုန်းသီးအလုပ်ရုံမှ အလုပ်ဖြုတ်ခံလိုက်သည်ဟုဆိုကာ MOU မြန်မာ အလုပ်သမား ၅၀ ကျော် အခက်အခဲများဖြစ်ပေါ်၍ ယမန်နေ့က ဗန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် အထုပ်အပိုးများဖြင့် လာရောက်အကူညီတောင်းခံခဲ့ကြောင်း ထိုင်းနိုင်ငံမှ လာသည့်သတင်းများအရသိရသည်။အဆိုပါအလုပ်သမားများအား မြန်မာနိုင်ငံမှတစ်ဆင့် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ ပို့ဆောင်ပေးခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ထိုင်းလူမျိုး တစ်ဆင့်ခံပွဲစားများနှင့်မြန်မာလူမျိုး တစ်ဆင့်ခံပွဲစားများလက်အတွင်းသို့လွှဲအပ်လိုက်သည့်အတွက်

အလုပ်မရှိ ဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရ သိရပါတယ်။အလုပ်သမားသံအရာရှိအေဂျင်စီများ၊ စည်းကမ်းထိန်းသိမ်းရေး MOEAF အဖွဲ့၊ AAC မဟာမိတ်အဖွဲ့နှင့် တာဝန်ယူပို့ဆောင်ပေးသည့် အေဂျင်စီတာဝန်ရှိသူများ ပူးပေါင်းကာလိုက်လံကူညီဖြေရှင်းပေးလျက်ရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် နေစရာအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မြန်မာလုပ်သားများအား AAC အဖွဲ့ဂေဟာတွင် ခေတကျွေးမွေးရှောက်ထားပြီး သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးမှတစ်ဆင့် နစ်နာကြေးများရရှိနိုင်ရေး လိုက်လံကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့၏ပြောကြားချက်များအရ သိရပါတယ်။

Soure : Myanma Alinn Daily



Follow us on