1. Home
  2. Special or Others

မန်ချက်စတာ၊ ထရက်ဖို့ဒ်မြို့က ကွန်တိန်နာအလုံးရေ ၁၀၀ကျော်နှင့် တည်ဆောက်ထားသည့် Holiday Inn Express

Special or Others ต.ค. 12, 2560 view 1,491

မန်ချက်စတာ၊ ထရက်ဖို့ဒ်မြို့က Holiday Inn Express ဆိုတဲ့ ဟိုတယ် က ကွန်တိန်နာတွေ ရာနဲ့ချီထပ်ပြီး တည် ဆောက်ထားတဲ့ ပထမဆုံးသောဟိုတယ် အဆောက်အအုံဖြစ်ပါတယ်။ စတီးလ် ကွန်တိန်နာခန်းတွေကို ဟိုတယ်ခန်းတွေ အဖြစ် ဖွဲ့စည်းတည်ဆောက်ထားတာဖြစ် ပါတယ်။ ကွန်တိန်နာခန်းတွေကို အရှေ့ အနောက်နှစ်ဖက်ခွဲနေရာချထားပြီး နှစ် ဖက်ကြားအလယ်နေရာမှာ လျှောက်လမ်း ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

တစ်ဖက်စီမှာ ကွန်တိန်နာခန်းငယ်လေးတွေ ဘေးကပ် လျက်စီတန်းချသွားပြီး တစ်ထပ်ပြီး တစ် ထပ် ထပ်ဆင့်သွားကာ ဟိုတယ်အ ဆောက်အအုံကြီးအဖြစ် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ Chapman Taylor ဗိသု ကာအဖွဲ့က ဒီဇိုင်းရေးဆွဲပြီး ဟိုတယ်ရဲ့ အဓိကဆွဲဆောင်မှုအဖြစ် ကွန်တိန်နာ တွေကို အသားပေးတည်ဆောက်ထားခဲ့ တာဖြစ်ပါတယ်။

ပရိဘောဂတွေ၊ အခင်း အကျင်းတွေ၊ ကော်ဇောတွေ၊ ခန်းဆီး လိုက်ကာတွေနဲ့ ကြမ်းပြင်ကနေ မျက် နှာကြက်ထိ နံရံကပ်စက္ကူတွေပါတဲ့ အ တွင်းပိုင်း ပြင်ဆင်မွမ်းမံထားပြီးသား ကွန် တိန်နာခန်း ၂၂၀ကို ထပ်ဆင့်ဖွဲ့စည်းကာ တစ်လအတွင်းနဲ့တည်ဆောက်ခဲ့တဲ့ ဟို တယ်ဖြစ်တယ်လို့သိရပါတယ်။ ကွန်တိန် နာခန်းတစ်ခုနဲ့တစ်ခုကြားမှာ ရေငွေ့ထိန်း အလွှာနဲ့ ရေလုံကာချပ်ပြားတွေဆင်ထား တယ်လို့လည်းသိရပါတယ်။

Credit : pyimyanmarnews



Follow us on