1. Home
  2. Myanmar News

တစ်လနှင့်အထက် အိမ်ငှားနေထိုင်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေးထားရမည်

Myanmar News ต.ค. 13, 2560 view 1,498

ရပ်ကွက်များအတွင်း တစ်လနှင့်အထက် အိမ်ငှားနေထိုင်သူများအနေနဲ့ သက်ဆိုင်ရာ ရပ်ကွပ်အုပ်ချုပ်ရေးမှူးထံသို့ အသိပေးအကြောင်းကြားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၂ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် “အိမငှားရမ်းနေထိုင်သူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ဧည့်စာရင်းတိုင်ကြားရန် လိုအပ်ခြင်းရှိ၊ မရှိ။ ရပ်ကွက်တွင်းနေထိုင်ကြောင်း ထောက်ခံစာရယူလိုပါက မည်သို့ဆောင်ရွက်ရမည်” ဟူသော မေးခွန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေးမြန်ခဲ့သည်။

ဝန်ကြီးက “အိမ်ငှားနေထိုင်သူတွေ ဧည့်သည်တွေအနေနဲ့ ရ၌်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်စာရင်းတိုင်ကြားဖို့ မလိုပါဘူး။ ဒါပေမယ့် ရပ်ကွက်(သို့)ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေပုဒ်မ(၁၄)အရ ရပ်ကွက်အတွင်း တစ်လနှင့်အထက် ကျော်လွန်နေထိုင်မယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်” ဟု ထည့်သွင်းဖြေကြားခဲ့ပါတယ်။

 



Follow us on