1. Home
  2. Myanmar News

၃ နှစ်ကလေးကို စတီယာရင်ပေးကိုင်ရာမှ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံး

Myanmar News ต.ค. 13, 2560 view 1,589

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် အသက်သုံးနှစ်အရွယ်ကလေးအား ရင်ခွင်ထဲထည့်၍ ကားမောင်းလာစဉ် ယာဉ်တိုက်မှုဖြစ်ပြီး သားအဖနှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော Suzuki Swift အနီရောင်ကားပေါ်တွင် သုံးနှစ်အရွယ်ကလေးနှင့် ဖခင်တို့အပြင် အသက်ကိုးနှစ်အရွယ် လေးတန်းကျောင်းသားတစ်ဦးလည်း လိုက်ပါလာခဲ့ပြီး ဘာဉ်မောင်းဖြစ်သူက သူ၏ သုံးနှစ်အရွယ် ကလေးငယ်ကို ရင်ခွင်ထဲထည့်ကာ ကားမောင်းလာစဉ် ကလေးငယ်ကို ကားမောင်းသလို စတီယာရင်ကို ကိုင်ခိုင်းခဲ့ဟန်ရှိပြီး ထိုအချိန်တွင် လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ယာဉ်တိုက်မှဒတွင် သွားရောက်ကူညီခဲ့သူတစ်ဦးက မှတ်ချက်ပြုခဲ့သည်။

ယာဉ်တိုက်မှုကြောင့် သုံးနှစ်ကလေးနှင့် ဖခင်မှာ နေရာတင်သေဆုံးသွားခဲ့ပြီး လေးတန်းကလေးမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် မန္တလေးဆေးရုံသို့ ပိုဆောင်ခဲ့ရကြောင်း သိရှိရသည်။ ကျောင်းကြိုပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိခဲ့သော ကလေးမှာ သေဆုံးသူများနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုအတွက် သေဆုံးခဲ့သော ယာဉ်မောင်းဖြစ်သူ ထက်ဝေအောင် (၂၄)နှစ် ပဲခွဲစက်လုပ်ငန်း လုပ်ကိုင်သူအား ပုဒ်မ ၁၇၉/၃၃၈/၄၀၄−က ဖြင့် မုံရွာမြို့ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရှိရသည်။

သတင်း - ဒီမိုကရေစီတူဒေး


 



Follow us on