1. Home
  2. Good Morning Myanmar

ပွင့်လင်းရာသီအစကိုရောက်ရှိလာခဲ့ပေမယ့် ကုန်စည်စီးဆင်းမှု နှေးကွေးနေ

Good Morning Myanmar ต.ค. 13, 2560 view 1,451
ကုန်စည်စီးဆင်းမှုတွေဟာ လက်ရှိ ပွင့်လင်းရာသီအစကိုရောက်ရှိလာခဲ့ပေမယ့် ကုန်စည် စီးဆင်းမှုနှေးကွေးနေတယ်လို့ မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
ကုန်စည်စီးဆင်းမှုတွေဟာ ပုံမှန်အားဖြင့် မိုးတွင်းကာလတွေမှာ တစ်နေရာကနေ တစ်နေရာကို ကုန်စည်ပို့ဆောင်ရတာဟာနည်းပါးလေ့ရှိပြီး ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ် နောက်ပိုင်းကာလတွေမှာတော့ ကုန်စည်စီးဆင်းမှုများပြားလေ့ရှိတယ်လို့သိရပါတယ်။
ဖရဲသီးပေါ်ချိန် ဖြစ်တဲ့ အခုလိုအောက်တိုဘာလတွေမှာ ကုန်စည်တွေပိုမိုသယ်ဆောင်ရတာကြောင့် မူဆယ်ကိုပြေးဆွဲတဲ့ ကားတွေရဲ့တန်ဆာခတွေဟာတက်လေ့ရှိပေမယ့် ဒီနှစ်မှာတော့တန်ဆာခတွေဟာ ဈေးမတက်တဲ့အပြင် ဈေးကျတာတွေပါဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်မူဆယ်ကို တန်ဆာခအဖြစ် တစ်တန်ကို (၅)သောင်း(၅)ထောင်ထိရှိခဲ့ပေမယ့် အခုအောက်တိုဘာလမှာတော့ တစ်တန်ကို လေးသောင်း(၈)ထောင်အထိဈေးကျနေတယ်လို့သိရပါတယ်။
 
ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်နောက်ပိုင်းကာလတွေမှာ ကုန်စည်စီးဆင်းမှု များပြားလေ့ရှိပေမယ့် လက်ရှိသီတင်းကျွတ်အပြီး အောက်တိုဘာလဆန်းကို ရောက်ရှိချိန်မှာတော့ ကုန်စည်ပို့ဆောင်မှုတွေဟာ နည်းပါးနေတယ်လို့သိရပါတယ်။ဒီလိုကုန်စည်ပို့ဆောင်မှု နည်းပါးတာ ကြောင့် ကုန်ကားပိုင်ရှင်တွေအတွက် အခက်အခဲတွေဖြစ်ပေါ်ပြီး ၀င်ငွေတွေလည်း သိသိသာသာ လျော့ကျခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ပွင့်လင်းရာသီကတည်းကကုန်စည်စီးဆင်းမှု နည်းပါးခဲ့တာဖြစ်ပြီး ဒီနှစ်ရဲ့ အောက်တိုဘာလအစမှာတော့ အရင်နှစ်ကထက် ပိုမိုနည်းပါးခဲ့တယ်လို့ သိရပါတယ်။


Follow us on