1. Home
  2. Movie Stars - Celebrity

အသက်အရွယ်အရ စီးပွားရေးလုပ်လာတာဆိုတဲ့ အေးမြတ်သူ

Movie Stars - Celebrity ต.ค. 13, 2560 view 1,588

ပါးချိုင့်လေးနဲ့ sexy မင်းသမီး အဖြစ် နာမည်ကြီးတဲ့ အေးမြတ်သူဟာ အသက်(၃၀)ကျော်ပြီဖြစ်သည့် အတွက် စီးပွားရေးတစ်ခု စတင် လုပ်ချင်တာကြောင့်  ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်၏  ချိတ် အဝတ်အထည်များ ယူရောင်းနေတယ်လို့ သိရပါတယ် ။ ချိတ်ထည် များကို Actress Aye Myat Thu ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွင် မှာယူနိုင် မှာလဲ ဖြစ်ပါတယ် ။ အစားအသောက်နှင့်လူသုံး ကုန်ပစ္စည်းများကို စိတ်ဝင်စား သည့်အေးမြတ်သူက ဈေးကြီးပြီး လူနည်းစုကို ရောင်းရသည့်ပစ္စည်း ထက် လူတန်းစားအားလုံးသုံးစွဲ နိုင်သည့် ကုန်ပစ္စည်းမျိုးကို ပိုမို စိတ်ဝင်စားတာကြောင့် မိုးကုတ် ပေါက်ပေါက်၏ချိတ်များကို ယူ ရောင်းခြင်းလဲ ဖြစ်ပါတယ် ။

 


‘‘အေးမြတ်သူ အဲဒီချိတ်ကို အရင်ဝတ်ကြည့်လိုက်တဲ့အခါမှာ အရမ်းကို သဘောကျတယ်။ ဝတ် ရတာ သက်သောင့်သက်သာရှိ တယ်။ အမြင့်ဆုံးမှ နှစ်သောင်း လောက်ကနေ လေးသောင်း လောက်ဆိုတော့ အားလုံးလည်း ဝတ်နိုင်တဲ့အနေအထားဖြစ်တယ်။ အေးမြတ်သူကိုယ်တိုင်ကလည်း ချိတ်တွေဆို ဈေးကြီးရင် ဝယ်မ ဝတ်ဘူး။ ဝတ်ပြီးရင် ပြီးသွားတာ လေ။ ခဏခဏလည်း ဝတ်လို့မရ ဘူး။ အဲဒါကြောင့် ဈေးအရမ်းကြီး ရင်လည်း အေးမြတ်သူနှမြောတဲ့ အတွက် ချိတ်ကို ဈေးကြီးတာတွေ မဝတ်ဖြစ်ဘူး။ အဲဒီလိုပဲ အေးမြတ် သူကို ချစ်တဲ့သူတွေလည်း သူတို့ သုံးနိုင်တဲ့ဝင်ငွေတစ်ခုမှာရတဲ့ဟာ လေးကို အေးမြတ်သူအရမ်းသ ဘောကျတယ်။ အဲဒါကြောင့် ဒီ ချိတ်လေးတွေကို ရောင်းရင်း အေးမြတ်သူ sharing လုပ်ပေးတာပါ။ အွန်လိုင်းရှော့ပင်း business အ သေးစားလေးကို စမ်းလုပ်ကြည့် တဲ့သဘောပါ’

 ‘‘မြန်မာဝတ်စုံအဝတ်များ တာကတော့ အသက်အရွယ် ကြောင့်ပါ။  အေးမြတ်သူ အသက်(၃၂)နှစ်ပြည့် သွားပြီလေ အသက်(၃၂)နှစ်အရွယ် မိန်းမ တစ်ယောက်က အပြင်ထွက်တဲ့အ ခါ ကလက်တက်တက်လုပ်လို့မရ တော့ဘူး။ ငယ်ငယ်တုန်းကလို လျှပ်ပလာ၊ လျှပ်ပလာ နေလို့မရတော့ဘူး။ ကိုယ့်ရဲ့တည်ငြိမ်တဲ့အ လှတစ်ခုမှာ နဂိုရှိတဲ့၊ ရင့်ကျက်တဲ့အလှတစ်ခုနဲ့   ပေါင်းစပ်ရမယ့်အချိန်ဖြစ်သွားတဲ့အတွက်ကြောင့် ရယ် နောက်ပြီး မြန်မာဝတ်စုံကမိန်းမတစ်ယောက်ကို  ရိုးရှင်းပြီးတော့ လှပစေတယ်လို့ ခံစားရလို့ပါ။ အဲဒါကြောင့် အေးမြတ်သူ ဗမာ ဝတ်စုံလေးတွေဝတ်ဖြစ်ပါတယ်”

 ‘‘အေးမြတ်သူအားတဲ့အချိန် တိုင်း Gym ဆော့တယ်။ အဓိက ဗိုက်နဲ့ တင်ပါး၊ ပေါင်ကို အသား ပေးဆော့တယ်။ အမျိုးသမီးတစ် ယောက်က ဗိုက်ချပ်ရမယ်။ ကျစ် လျစ်တဲ့ တင်ဖြစ်ချင်တယ်။ ပေါင် တံသွယ်ချင်တဲ့အတွက်ကြောင့် ပါ။ အေးမြတ်သူ အစားအသောက် မရှောင်ဘူး။ အစားအသောက်နဲ့ လည်း မထိန်းဘူး။ အရသာရှိတဲ့ အာဟာရဖြစ်မယ့် အရာတွေအား လုံးစားတယ်။ ဘာလို့လဲဆိုတော့ အိပ်ရေးပျက်တဲ့အတွက် အစား လျှော့လို့မရဘူး။ ပြည့်ပြည့်ဝဝ စားပါတယ်” လို့ ပြောသွားခဲ့ပါတယ် ။

 

Credit:7day



Follow us on