1. Home
  2. Movie Stars - Celebrity

ဒုတိယ ကမ္ဘာစစ်နောက်ခံ သည်းသိတ်ရင်ဖိုရုပ်ရှင်တွင်ပါဝင်ဖို့ ဆွေးနွေးတဲ့ Wonder Woman Gal Gadot

Movie Stars - Celebrity ต.ค. 13, 2560 view 1,614

 Wonder Woman မင်းသမီး ဖြစ်တဲ့ Gal Gadot ဟာ Mad River Picture ရုပ်ရှင်ထုတ်လုပ်ရေး မှ ရိုက်ကူးမယ့် ဒုတိယ ကမ္ဘာစစ် နောက်ခံ လက်တုံ့ပြန်ကလဲ့စား Ruin ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

Assassin’s Creed ရုပ်ရှင်ကို ရိုက်ကူးခဲ့ တဲ့ ဒါရိုက်တာ ဂျက်စတင်ကာဇယ်က ရိုက်ကူးမှာ ဖြစ်ပြီး ဂျာမနီ နိုင်ငံမှ Schutzstaffel အဖွဲဝင့်ဟောင်း နာဇီဗိုလ်ကြီးတစ်ဦးက အဖွဲ့ထဲမှ တပ်သားဟောင်းများကို ပြန်လည်ရှာဖွေပြီး သတ်ဖြတ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးမှာလည်း ဖြစ်ပါတယ် ။

Gal Gadot အနေနဲ့ ရုပ်ရှင်မှာ ဘယ်ဇာတ်ရုပ်က ပါရမယ် ဘယ်တော့ ရိုက်ကူးမယ်ဆိုတာကို တိတိကျကျ မသိရသေးပေမယ့် ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ Wonder Woman နောက်ဆက်တွဲကားကို ရိုက်ကူးသွားမှာလဲ ဖြစ်ပါတယ် ။ ထုတ်လုပ်သူတွေက ခေါင်းဆောင်နေရာအတွက်ေ၇ွးချယ်မှုအပေါ်မူတည်ပြီး Runi ရုပ်ရှင်ကားကို ဆက်လက်အကောင်အထည်ဖော်သွားမှာလဲ ဖြစ်ပါတယ် ။

credit:democracy



Follow us on