1. Home
  2. Good Morning Myanmar

တောင်ကိုရီးယားနိုင်ငံသားများ ပြန်ပေးဆွဲခံရနိုင်ကြောင်း တရုတ်သတင်းပေး

Good Morning Myanmar ต.ค. 16, 2560 view 1,414

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်ပေးဆွဲနိုင်တယ်ဆိုတဲ့သတင်းကို တရုတ်ထောက်လှမ်းရေးအရာရှိတွေက တောင်ကိုရီးယားနိုင်ငံဘက်ကို အခုလအစောပိုင်းမှာ သတင်းပေးခဲ့ပါတယ်။တောင်ကိုရီးယားအာဏာပိုင်တွေကတော့ ပစ်မှတ်ဖြစ်နိုင်ချေရှိသူတွေကို နိုင်ငံထဲကနေမထွက်ဖို့ တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားနိုင်ငံသား ၁၂ ဦးဟာ ပြန်ပေးဆွဲခံရတာနဲ့ အကြမ်းဖက်ခံရတာရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ တရုတ်ရဲတပ်ဖွဲ့ဘက်ကပြောပါတယ်။သူတို့ထဲကအများစုဟာ စွန့်ဦးတီထွင် စီးပွားရေးသမားတွေနဲ့ဘာသာရေးဆရာတွေဖြစ်ပြီး မြောက်ကိုရီးယားနဲ့တရုတ်နိုင်ငံတို့ရဲ့နယ်စပ် ဒေသမှာနေထိုင်သူတွေဖြစ်ပါတယ်။

တရုတ်ထောက်လှမ်းရေးအရာရှိတွေဟာ ဒီသတင်းကို အခုလ အစောပိုင်းမှာရရှိခဲ့တာဖြစ်ပြီး ပစ်မှတ်ဖြစ်နိုင်ချေရှိသူတွေစာရင်းကို ထုတ်ဖော်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ချူဆောက်အားလပ်ရက်အတွင်း အဲဒီတောင်ကိုရီးယား ၁၂ ဦးကို ဆင့်ခေါ်ခဲ့ပြီး နေရပ်ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာနေထိုင်နေတဲ့ တောင်ကိုရီးယားနိုင်ငံသားတစ်ဦးကတော့ တရုတ် အာဏာပိုင်တွေက သူ့ကိုကိုရီးယားမှာပြန်နေဖို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီး လက်ရှိမှာ နိုင်ငံထဲ ကနေမထွက်နိုင်သေးဘူးလိုြုှ့ သတင်းဌာနကိုအတည်ပြုပြောကြားပါတယ်။အကြမ်းဖက်မှု ပစ်မှတ်ဖြစ်လာနိုင်ချေရှိသူတွေဟာ တောင်ကိုရီးယားနိုင်ငံသားတွေနဲ့အဆက်အစပ်ရှိတဲ့ တရုတ်နိုင်ငံ သားတွေလည်းပါဝင်ပါတယ်။တောင်ကိုရီးယားအာဏာပိုင်တွေကတော့ တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ သူ့နိုင်ငံသားတွေကိုကာကွယ်ဖို့ အားထုတ်လုပ်ဆောင်နေပါတယ်။

ရှန်ယန်မှာရှိတဲ့တောင်ကိုရီးယား ကောင်စစ်ဝန်ရုံးကလည်း နိုင်ငံသားတွေအနေနဲ့ လူစိမ်းတွေကိုရှောင်ဖို့ ဘယ်သွားသွားအကြောင်း ကြားဖို့ ညွှန်ကြားချက်တွေထုတ်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မြောက်ကိုရီးယားကနေထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ တရုတ်-ကိုရီးယားနွယ်ဖွားခရစ်ယာန်ဘာသာရေးဆရာတစ်ဦး တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်ဒေသမှာအသတ်ခံခဲ့ရပြီး မေလကတည်းကဆိုရင် ယန်ကျီမှာပျောက်နေတဲ့ တောင်ကိုရီးယားနိုင်ငံသား ၆၀ လောက်အထိရှိနေတယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြထား ပါတယ်။



Follow us on