1. Home
  2. Good Morning Myanmar

ဆန်ချောအုပ်စုဝင်ဆန်များ ဈေးတက်နေ

Good Morning Myanmar ต.ค. 16, 2560 view 1,458
ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကနေ အခုလက်ရှိ အောက်တိုဘာလလယ်အထိ ဆန်ချော ဈေးတွေနဲ ဆန်ကြမ်းဈေးတွေဟာ ဈေးနှုန်းအတက်အကျတွေရှိလာပြီး ဆန်အရောင်းအ၀ယ်မှာလည်း အပြောင်းအလဲတွေ ဖြစ်နေပါတယ်။စက်တင်ဘာလကုန်ပိုင်းက ပြည်ပနိုင်ငံတွေကို တင်ပို့နေတဲ့ ဧည့်မထအုပ်စုဝင် ၂၅ မတ် ဆန်ကြမ်းအမျိုးအစားတွေဟာ တစ်အိတ်(၂၁၃၀၀)ကျပ်အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိ အောက်တိုဘာ ၁၂ ရက်မှာတော့ တစ်အိတ် ၂၀၃၀၀ ၀န်းကျင်အထိ ဈေးအနည်းငယ် ကျဆင်းသွားပါတယ်။
အခုလို ဆန်ကြမ်း အမျိုးအစားတွေ ဈေးကျလာတာကတော့ ဆန်အသစ် ထွက်ရှိနေတာနဲ့ဆန်ပြည်ပတင်ပို့သူတွေလည်း ဆန်ဈေးအတက်မှာ တွက်ချေကိုက်မှုမရှိတဲ့အတွက် အ၀ယ်ရပ်ဆိုင်းလိုက်လို့ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ပြည်တွင်းစားသုးံမှုများတဲ့ ဆန်ချောတွေကတော့ လက်ရှိမှာ ဆန်တစ်အိတ်ကို ကျပ်သုးံထောင်နီးပါးဈေးတက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း(၀ါးတန်း)ကုန်စည်ဒိုင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။
လက်ရှိမှာတော့ ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ကျပ်(၅၀၅၀၀) နှင့် ပေါ်ဆန်း အနိမ့်ဆန်တွေကတော့ (၃၅၀၀၀)ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့သိရပါတယ်။ဒီလို အချိန်မှာ ဆန်စက်ကိုပြန်လည် ပြင်ဆင်စစ်ဆေးနေတဲ့အချိန်ဖြစ်နေပြီး လက်ကျန်စပါးဟောင်းတွေ နည်းလာတဲ့ အပြင် ပေါ်ဆန်းအုပ်စုဝင် စပါးတွေအသစ်ထွက်ရှိဖို့ဟာလည်း တစ်လလောက် ကြာမှာဖြစ်လို့ ဆန်ချော ဈေးတက်နေတာ ဖြစ်တယ်လို့ ဆန်အကျိုးဆောင် ဒေါ်လှမြင့်က ပြောပါတယ်။
ရန်ကုန်မြို့ကို ကုန်းလမ်း၊ရေလမ်းကနေ ဆန်များဝင်ရောက်နေပြီး ဧရာဝတီတိုင်း ဒေသကြီးအတွင်းက ၀င်ရောက်လာတဲ့ ဆန်တွေက ဆန်ချောအမျိုးအစားအများစုဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးမှ ၀င်ရောက်နေတဲ့ ဆန်အများစုကတော့ ဧည်မထအုပ်စုဝင်ဆန်အမျိုးအစားတွေ ဖြစ်ကြပါတယ်။


Follow us on