1. Home
  2. Myanmar News

တန်ဆောင်တိုင်ကာလ ပြင်ဦးလွင်ဟိုတယ်ဈေးနှုန်းများ မြင့်တက်မှု ထိန်းချုပ်ရန်ခက်ခဲ

Myanmar News ต.ค. 16, 2560 view 1,732

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဘုရားကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကာလအတွင်း လာရောက်လည်ပတ်သူများပြားနေသည့်အတွက် ပြင်ဦးလွင်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ဈေးနှုန်းမြင့်တက်လာမှုအပေါ် ထိန်းချုပ်ရန်မလွယ်ကူကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်)မှ သိရှိရသည်။

သရုပ်ဖော်ပုံမျှသာ


ပြင်ဦးလွင်တွင် ဟိုတယ် ၅၀ ကျော်၊ တည်းခိုခန်းနှင့် မိုတယ် ၁၀၀ ကျော်တွင် စုစုပေါင်း အခန်း ၃၀၀၀ ခန့်ရှိပြီး ပွဲတော်ရက်အတွင်း လာရောက်လည်ပတ်သည့် ဟည့်သည်အရေအတွက်က အခန်းအရေးအတွက်ထက် အဆ ၁၀၀ ခန့်ပိုများပြားနေတာကြောင့် ဝယ်လိုအားများနေပြီး ဈေးတက်ရခြင်းဖြစ်ကြောင်း၊ သို့သော် ဟည့်သည်နည်းပါးသည့် မိုးတွင်းကာလမျိုးတွင်လည်း ဈေးလျှော့ပေးရတာဖြစ်ခြင်းကြောင်း အခန်းခဈေးနှုန်းများကို ထိန်းချုပ်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်) အတွင်းရေးမှူး ဦးဝေဠု က ပြောကြားခဲ့သည်။

လွန်ခဲ့တဲ့တစ်လလောက်ထဲက ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဖုန်းဆက်စုံစမ်းနေကြပြီး နှစ်တိုင်းလာနေကြ သူတွေက ဘဏ်ကနေကြိုတင်ငွေချေပြီး အခန်းယူထားတာတွေ ရှိတယ်” ဟု ဆက်လက် ပြောကြားခဲ့ပါတယ်။

နှစ်စဉ်အဖိတ်နဲ့ လပြည့်နှစ်ရက်က လူပြည့်နေတဲ့အတွက် အဲဒီနှစ်ရက်ကာလမှာ အခန်းခဈေးနှုန်းက နှစ်ဆဈေးမြင့်တက်လေ့ရှိကြောင်း သိရှိရသည်။
 



Follow us on