1. Home
  2. Movie Stars - Celebrity

ကျွန်တော်တို့လို အသစ်တွေအတွက် ဇာတ်ရုပ်တွေအများကြီး ကျွန်တော်တို့ဆီကို မလာပါဘူး

Movie Stars - Celebrity ต.ค. 16, 2560 view 1,389

အနုပညာလောကကို ဝင်ရောက်ရာမှာ တွေ့ကြုံခဲ့ရတဲ့အခက်ခဲတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ထူးအောင်က အခုလိုပြောပါတယ်။ကျွန်တော်စတင်ဝင်လာချိန်လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ ခံယူချက်တွေစဉ်းစားထားတာတွေ အများကြီးရှိပါတယ်။သရုပ်ဆောင် တစ်ယောက်ဖြစ်ချင်တယ်၊ ဒါပင်မဲ့ ကျွန်တော်တို့လို အသစ်တွေအတွက် ဇာတ်ရုပ်တွေအများကြီး ကျွန်တော်တို့ဆီကိုမလာပါဘူး။ဒါရိုက်တာ အလိုအတိုင်းလုပ်ရတာတွေရှိတယ်။

ကျွန်တော်တို့က ရွေးချယ်စရာမရှိဘူး။အဲဒီတော့ ကိုယ်ရလာတဲ့ဇာတ်ရုပ်တွေကိုပဲ အကောင်းဆုံးလုပ်မယ်တဲ့ ခံယူချက်ပဲထားရပါတယ်။တစ်ခါတစ်လေ ကျွန်တော်တို့ အများကြီး ကြိုးစားနေကြတယ်။ဒါရိုက်တာတွေလည်း ကျွန်တော်တို့ကိုမသိကြဘူး၊ အဲဒီအခါမှာ ကျွန်တော်တို့အသစ်တွေခံစားရတဲ့ ခံစားချက်လေးတွေရှိပါတယ်။ကျွန်တော်တို့ကိုအားပေးပါ။တစ်ခါတစ်လေ အရမ်းစိတ်ဓာတ်ကျတာတွေလည်း ရှိခဲ့ဖူးပါတယ်။အဲဒီအချိန်မှာဖိနှိပ်ခံရတာတွေအပြောခံရတာတွေရှိတယ်။ကျွန်တော်တို့အသစ်တွေအနေနဲ့ အများကြီးခက်ခဲပါတယ်။

Soure : Democracy to day



Follow us on