
၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းမှု မူဝါဒသစ်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် မော်တော်ယာဉ်တင်သွင်းခြင်းနဲ့သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
မူဝါဒသစ်တွင် အဓိကပြောင်းလဲသွားသည့်အချက်မှာ ဘယ်မောင်းယာဉ်များကိုသာ တင်သွင့်ခွင့်ပြုတော့မည်ဆိုသော အချက်ဖြစ်သည်။ အစိုးရဌါန၊ ပုဂ္ဂလိက၊ တစ်ဦးချင်း စသော မည်သည့်တင်သွင့်မှုမျိုး၊ မည်သည့်ကားအမျိုးအစားမဆို တင်သွင်းရာတွင် ဘယ်မောင်တစ်မျိုးတည်းကိုသာ ခွင့်ပြုတော့မည်ဖြစ်သည်။
မူဝါဒသစ်တွင် လူတစ်ဦးချင်း ကားတင်သွင်းခွင့်မှာ လူစီးမော်တော်ယာဉ် မော်ဒယ်( ၂၀၁၆ မှ ၂၀၁၈) အတွင်း ဘယ်မောင်း။ ကုန်တင်ယာဉ်များကို မော်ဒယ် (၂၀၁၄ မှ ၂၀၁၈) အတွင်း ဘယ်မောင်း။ ခရီးသည်တင်ယာဉ်များကို (၂၀၁၄ မှ ၂၀၁၈) အတွင်း ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုတော့မည်ဖြစ်သည်။
ယာဉ်အိုယာဉ်ဟောင်း အတွက် အသစ်တင်သွင်းခွင့်မှာ (လူစီးယာဉ်၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်) များ အားလုံး မော်ဒ် ၂၀၁၄ မှ ၂၀၁၈ အတွင်းထုတ်လုပ်သော ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းခွင့်ရှိသည်။
၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်းမှု ဥပဒေအရ မော်ဒယ်အသစ် ဘယ်မောင်းယာဉ်များ ဖြစ်သည့်အတွက် ကားအသစ်များဖြစ်လာသည့်အတွက် ကားဈေးအလိုက် အခွန်နှုန်းမြင့်သွားသည့်အတွက် ကားဝယ်စီးသူများအနေနဲ့ အနည်းဆုံး သိန်း ၂၅၀၊ ၃၀၀ လောက်မှသာ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ပြောကြားခဲ့ပါတယ်။
မူဝါဒအသစ်ကြောင့် လူတစ်ဦးချင်း ကားတင်သွင်းသူများအနေနဲ့ ၂၀၁၈ ခုနှဏ် ဇနိနဝါရီ ၁ ရက်နေ့မှ စတင်ကာ ဂျပန်နိုင်ငံမှ ညာမောင်း တစ်ပတ်ရစ်ကားတင်သွင်းမှု အစီစဉ်နိဂုံးချုပ်သွားခဲ့ပြီး ဒူဘိုင်း၊ တရုပ်၊ ထိုင်း နဲ့ ကိုးရီးယားနိုင်ငံထုတ် တစ်ပတ်ရစ် မော်ဒယ်မြင့် ဘယ်မောင်းကားများကို ပိုမိုတင်သွင်းလာနိုင်ကြောင်း ကားအရောင်းဝယ်လုပ်ငန်း လုပ်ကိုင်သူ ဦးမင်းမင်းထွန်းက ပြောကြားခဲ့ကြောင်း 7DayDail သတင်းစာတွင် ဖော်ပြထားသည်။
comment